Professional Authors

မသိကိန်းတစ်ခု၏ ပြယုဂ်များ

မျှော်လင့်ခြင်း မြစ်တစ်ဆင်းဟာ
နွေခေါင်ခေါင်မှာ ရော်ရွက်ဝါတွေ ဆောင်ကြဉ်လို့
သူချစ်ခြင်းတွေ မြင်သာအောင်
မသိကိန်းပြယုဂ်တွေနဲ့ ဆင်ခြင်ပြလေရဲ့

ဒါပေမယ့်
မသိကိန်းတစ်ချို့ က စိုးထိုင်းစပြုနေတာ့
ဦးတည်ချက်တွေ တစ်စပြင်ထဲ
ခပ်သွက်သွက် မပြေးနိုင်ရှာဘူး

နောက်ပြီး သူမသိအောင်
ဖုံကွယ်ထားခဲ့ရတဲ့ 
ဘယ်ဘက်ရင်အုံအောက် က စကားလုံးတစ်ချို့ ကို
မျိုသိပ်ရင်းးးးးးး
ငါလည် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရပြီး
သေသွားသလိုပဲ
သူမက တော့ ဘာမှ မသိရှာဘူးပေါ့xxxxxxxxxxxxxxxxxxxxxx

အစိမ်းရောင်နတ်သမီးရေ
ငါ့ရဲ့ ရင်ဘတ်ထဲ က နုလုံးသားပြတိုက်ကို
မင်းရဲ့ ဥပေက္ခာတရားတွေနဲ့ သိမ်းပိုက်
ခပ်ကြမ်းကြမ်းပဲ
အနိုင်ယူလိုက်ပါကွာ။။။။။။

ငါလေ
  ကြည်ဖြူစွာနဲ့ပဲ မသိကိန်းတွေကို
  မျိုချ….. မင်းရှေ့မှာ
  ဒူးထောက် အရှုံးပေးနေပါမယ့် ။။။။။။။။။။။။။။။။။

In: ကဗျာ Posted By: Date: Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment