Professional Authors

Chocolate Juice

ငါဟာနှင်းရဲ့လွမ်းမိုးမှုခံတဲ့
ဆောင်း မနက်မဟုတ်ဘူး
နင်ရဲ့ရှေ့ဒူးထောက်မဲ့ သံစဉ်မညီ ဂစ်တာတစ်လက်မဟုတ်ဘူး
ငါ့ဘ၀ငါ ပျံသန်းနိုင်တယ်
ငါ့ဘ၀ငါ လှော်ခတ်နိုင်တယ်
ကြိုးခြောက်ချောင်းနဲ့ ဘ၀ကိုတည်ဆောက်မယ်။…။
ပျော်ခဲ့ဖူးတာပေါ့
နင်ရယ်ငါရယ်ကြိုးခြောက်ချောင်းရယ်
သံစဉ်တစ်ပုဒ်ရယ်
ငှက်ကလေးနှစ်ကောင်ရယ်
သစ်ပင်တစ်ပင်ရယ် ရေသန့်တစ်ဘူးရယ်
အားလုံးဟာ မခွဲကြေး
ပြောခဲ့တာပဲ
ငါ့လက်မောင်းထက်မှာပေါ့။…။
အခုတော့
ဝေး……ဝေး……….ဝေးသွားလိုက်တာ
ရှေးရှေးတုန်းတည်းကလို
မထူးဆန်းတဲ့ အသည်းခြမ်း
နည်းပညာတွေနဲ့ပေါ့
ဘ၀ယုံကြည်မှုချင်းမတူမှတော့ ဘယ်လိုပေါင်းစပ်ရမှာလဲ
ဖြစ်သင့်ပါတယ် နင်အမြင့်မှာသာပျံသန်းပါတော့
မှားယွင်းစွာ Chocolate juice
တစ်ခွက် မှာမိသလို
မရနိုင်မဲ့ ချိုသက်မှုတွေ
မဖြစ်နိုင်မဲ့ နီးစပ်မှုတွေ
ပင်လယ်ထဲမျှောလိုက်ပြီ။…။
ရေလောင်းနိုင်မှ
ရှင်သန်မယ့်
နင့်အချစ်အတွက်
ငါ့မျက်ရည်ကဗျာနဲ့
ရောထားတဲ့
ဝိုင်တစ်ခွက်
နင့်နှလုံးသားပေါ်
ရွာချလိုက်မယ်
မိုးပြိုသည့်တိုင်အောင် ရွာနေပါစေ။…။

In: ကဗျာ Posted By: Date: Jul 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment