Professional Authors

ဘ၀တဲ့လား

ဘ၀ဆိုတာ
အပြောလွယ်သလောက်
နေရခက်တဲ့ ဘ၀ကြီးပါ
အမှားအမှန် ဒွန်တွဲ
အကောင်းအဆိုး ယှဉ်တွဲ
ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
မတည်မြဲတဲ့ လောက
ဖြစ်တည်ပျက် ကာလသုံးပါး
မမြဲခြင်းတရား လက်ကိုင်ထား
အတ္တထောင်လွှား
မာန်မာန ဖောက်ပြား
ကိုယ်ထင် ကုတင်ရွှေနန်း
မောဟဖုံးလွှမ်းနေတဲ့
ဒီလူ့ဘောင်လောကကြီးမှာ
အရာအားလုံးဟာ
တရားသဘောနဲ့ ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား….

In: ကဗျာ Posted By: Date: Jul 28, 2010
Comment #1

ဟုတ်တယ်…အဲ့ ဒီ့  အတိုင်းပဲ..ဘ၀ဆိုတာ…စာသားကတော့ ၂လုံးထဲပါ…
ဘ၀ကိုလိုက်လျောညီထွေနေနိုင်ဖို့ …အရမ်းခက်ပါတယ်…
ဆက်ရေးပါ….အားပေးနေပါ့မယ်

commentinfo By: စမ်းရေ at Jul 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment