Professional Authors

ကြယ်ပြာအိပ်မက်


   ကြယ်ပြာအိပ်မက်
  (ဖိုးစည်)

ကြယ်ပြာလေးရေ…..
မင်းရဲ့မျက်တောင်တချက်မြင်ခွင့်ရဖို့
ငါစောင့်စားခဲ့ရတာ အာဒံထက်တောင်
စောပါသေးတယ်..
ငါ့ဥယျာဉ်တောမှာ မင်းအတွက်
ချောကလက်ရောင်သက်တန့်တွေဟာ
နွေနှင်းမိုးတွေနဲ့ ဖူးပွင့်လို့
မိန်းမောခဲ့တဲ့ ငါ့ညဉ့်နက်နက်တွေမှာ
ှSt. Valentine လည်း ငါ့ကို

လက်လျော့ခဲ့ရဖူးတယ်…

.ကြယ်ပြာရယ်…မင်းသာမရှိရင်
ငါမတေွးဝံ့လောက်အောင်ပါပဲ
ငါ့ဘ၀ မြူမှူန်လို နေရောင်မလာခင်
မင်းကို ငေးချင်မိရုံလေးပါ…

ဝေးနေကြတဲ့ ဒီအလင်းနှစ်

အသင်္ချေ တွေ ကြားမှာ မင်းကို
မမှိုတ်မသုန် ငံ့လင့်လို့
ငါ့ မျက်ဝန်းတွေနဲ့ ထွေးပွေ့ချင်ရုံထက်
ဘယ်တော့မှ မပိုခဲ့ပါဘူး..

အရင်လို ငါ့မှာ..

ကြယ်ကြွေ တိုင်း ဆုမတောင်းတတ်ခဲ့သမျှ
တပ်မက်မှုဆိုတာ ……
ငါ့အဘိဓာန်အစ ဒိုင်ယာရီအဆုံး
ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူးပါဘူး ...ကြယ်ပြာ..

ကံကြမ္မာကို ဘေးဖယ်ထားရင်..

မင်းရဲ့အလင်းတွေနဲ့ ဆုံနိုင်ခွင့်က
ငါ့ဘ၀မှာ မျှော်လင့်ခြင်းဆိုတဲ့
စိတ်ကူးကောက်ရိုးတမျှင်ပဲရှိတယ်.

ဒါပေမဲ့..ကြယ်ပြာရယ်…..

ဘယ်တော့မှ.. ငါအလံမဖြူဘူး.

..တကယ်လို့သာ…

    အိပ်မက်တွေ နောက်မှာ ငါ့ညတွေ.
           မိုးမသောက်ခဲ့ရင်………………..

..တကယ်လို့သာ…

    .. တိုက်ဆိုင်ရုံထက်ပိုပြီး…
       ..ငါ့ဥယျာဉ်မှာ ကြယ်တွေပွင့်ခဲ့ရင်..

..တကယ်လို့သာ…

 … ငါ့တို့ခြားနားခြင်းက…
     …..ပွင့်ချပ်တခုလို နု့ညံ့ခဲ့ရင်….

….တကယ်လို့သာ…

     …….တကယ်လို့သာ…
           ……. တကယ်လို့သာ...

အို…မတွေးချင်ဘူး..
……………
ဝေးပြီးရင်ဝေး ဆိုတာ သီအိုရီတခုထက်
ပိုမယ်မထင်ပါဘူး ကြယ်ပြာ………..
ငါတို့ မဆုံနိုင်တော့ဘူးဆိုရင်….
ငါ့အနာဂတ်တွေကိုခေါင်္ပြီး
ဒီကမ္ဘာကြီးထဲကနေ ငါထွက်သွားပါရစေ……

In: ကဗျာ Posted By: Date: Jul 28, 2010
Comment #1

ကြယ်ပြာ နဲ့ အမြန်ဆုံး ဆုံနိုင်ပါစေလို့ 
ကြယ်တွေကြွေတိုင်း ဆုတောင်းပေးလိုက်ပါတယ်

Comment #2

ဝေးပြီးရင်ဝေး ဆိုတာ သီအိုရီတခုထက်
ပိုမယ်မထင်ပါဘူး ကြယ်ပြာ………..
ငါတို့ မဆုံနိုင်တော့ဘူးဆိုရင်….
ငါ့အနာဂတ်တွေကိုခေါင်္ပြီး
ဒီကမ္ဘာကြီးထဲကနေ ငါထွက်သွားပါရစေ……
i love this poem
it’s great!!!

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #3

thanks .

commentinfo By: phoesi at Jan 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment