Professional Authors

မညီမျှမူရဲ့ညီမျှမူ

အားလုံးဟာဒွန်တွဲနေတယ်

အဆိုးနဲ့အကောင်း
အကျိုးနဲ့အကြောင်း

တစ်ခုမရှိရင်တစ်ခုမဖြစ်တည်န

ိုင်ဘူး

မင်းတို့ပဲစဉ်းစားကြည့်ကွာ
ငါကနာကျင်မူကိုသာယာတယ် ခံစားတယ်

မျက်စိရှေ့ကဟာတွေကိုအိမ်မက်ထင်ပြီးလိုက်ပြီဖမ်းနေတဲ့
လူတွေထက်တော့သာတယ်

အဆိပ်ဟာခါးတယ်
သံသယဟာချိုပါသလား

ငါကမြင်းလိုတော့ကုန်းနှီးတတ်ခံချင်ခံထားရမယ်
နွားလိုတော့နှဖားကြိုးအဆွဲမခံရပါဘူးထင်တာပဲကွ

မိုးရယ်စဲပါတော့ ငါမချစ်ချင်တော့လို့ပါ

တိုးတိုးလေး ရေရွတ်လိုက်တယ်
“ဒါ အိမ်မက်လား “

လေတိုးသံသဲ့သဲ့လေးကြားတယ်

ရန်ကုန်ကစံပယ်ပန်းသည် အဖိုးကြီး
ရှီသေးရဲ့လား

မူကြိုရှေ့ကပလုတ်တုတ်သည်အဖိုးကြီး ရော
မျက်မှန်အသစ်ဝယ်လိုက်ပြီလား

ဆူးလေကရေခဲရေရောင်းသူတွေ
ဖိနပ်စီးနေကျပြီလား

မုန့်လေပွေရောင်းတဲ့
ငါသောက်နေကျ အရက်ဆိုင်ရှေ့ကအဖွားအိုရော
အရင်လိုမာနရှီနိုင်သေးရဲ့လာ

အဖွားရေ
အကြွေစုတ်လေးတွေကြားထဲကမာနက
ငါးထောင်တန်အုပ်လိုက်ထဲကဝင့်ကြွားမူကိုယှဉ်နိုင်ခဲ့လား
အဖွားရေ

ခင်ဗျားတို့ကိုလဲကျုပ်မကူညီနိုင်ခဲ့ဘူး
ကျုပ်ကိုကျုပ်တောင်မကူညီနိုင်ပါဘူးဗျာ

အားလုံးဟာခိုကိုးရာမဲ့ အတောင်မရှိတဲ့ငှက်တွေလို
တွားသွားရင်းနဲ့ အစာရှာစားနေကျတယ်

ငါ့ဇာတ် ငါရေးခဲ့တာပါ
ဒါပေမဲ့အနားသတ်တော့မညီခဲ့ဘူ

In: ကဗျာ Posted By: Date: Jul 27, 2010
Comment #1

ထပ်တူမညီတဲ. မျဉ်းပြိုင်
…………………………………..

ငါဟာ….ဝေဟင်မှာပျံဝဲနေတယ်
ဒါပေမဲ.
အိမ်မက်ထဲမှာပါ

ငါဟာ……..ချစ်သူလက်ကိုဆွဲ ပန်းခင်းလေးထဲမှာပေါ့
ဒါပေမဲ…
ကမ်းစပ်မှာထိုင် သဲသောင်ပြင်မှာပေါ့

ငါဟာ…….

commentinfo By: hanzawlin at Jul 27, 2010
Comment #2

မဆိုင်သလိုပဲ ကိုဟန်ဇော်

Leave Comments

Name*

Email*
Website
Email me whenever there is new comment