Professional Authors

ကွှန်တော့်စပယ်နဲ့ ကျွန်တော်(မင်းလူန)

စပယ်ပင်
တစ်ကယ်မင်လို့ ပျိုးမိသည်
ပင်စည်ရင့် အ၇ွယ်ရောက်တော့ 
လှသွေးစုံလာ………………….
စပယ်ဖူး
၇ွယ်စူးခဲ့ ပန်းငယ်ဖြစ်ချိန်ထိမို့ 
မခူးရက်ပြီ……………………..
စပယ်ငုံ
ဘယ်ပုံနှယ်
ရင်အုံစုံကန်လိမ့် မယ်မသိလဲ
ပြုစုနေဆဲ……………………..
စပယ်ပန်း
တစ်ကယ်လန်းလို့ 
လှသွေးစုံ
ဘ၀ပေးပုံ
ပန်းတွေထဲမှာမှ
၇နံ့ ရယ်ထူး
ရူးလောက်အောင်
အဆင်းသဏ္ဍာန်းလဲ
ရှင်းသန့် ကြည်၇ွှင်
ဖြူစင်တဲ့ ဟန်နဲ့ စင်လို့ 
စပယ်ကို
ဘယ်အစ်ကိုမှန်းပါလိမ်
တွေးဆမှန်းရည်………..
…………………………့
လှမာန်နဲ့ 
ဘ၀ဟန်မေ့ လေတော့ 
ပန်းခူးသူရှာ…………
ပန်းခူးသူ
ပန်းကိုကြီုက်ပေမဲ့ 
ပန်းဘ၀မသိပါ
လှသွေးကြွယ်
၇နံ့ သင်းချိန်ထိ
ပန်ဆင်ဖို့ ရည်………..
စပယ်ပျိုးသူ
ညှို မှာစိုးလို့
မခူးတဲ့ ပန်းငယ်မို့ 
လှမ်းလိုသမျှလှမ်းပါလေ
ကမ်းလာသူ
လက်မှန်သမျှ
ဆွဲမက်ခင်တွယ်နေလေတော
ရင်ကော့ လို့ 
ပေးဆပ်ခဲ့ ပြန်……………….
စပယ်ခြောက်
ဘယ်လောက်များ
ရင်နာရပါလိမ့် 
ပန်းသူမဲ့ ပန်းခြောက်ဘ၀မှ
လှမ်းကောက်ရသူထံပါး
ခစားချင်မိသည်တဲ့ 
ပန်းခြောက်သမိုင်း
အမှတ်တရထား
ဒိုင်ယာရီကြားမှာတော့ 
နှလုံးသားတစ်ခုအဖြစ်
တည်ရှိနေဆဲ………………………

                                        မင်းလူန့

့

In: ကဗျာ Posted By: Date: Jul 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment