Professional Authors

“နင်သိဖို့ ရာ”

ငါသိပါတယ် …

ကောင်မလေးရယ်
ကံစက်ဝိုင်း ဖယ်ခွာပြေးလို့ 
တစ်နေ့ နေ့ မှာ ဝေးရမယ်ဆိုတာကိုလေ …

ငါသိပါတယ် …
ကောင်မလေးရယ်
ပလီပလာ တီတာစကားနဲ့ 
အဖြူရောင်လို့  ခေါင်းစဉ်တွေမှားတပ်
ငါကိုယ်တိုင်က တရားပျက်ခဲ့တာလေ …

ငါသိပါတယ် …
ကောင်မလေးရယ်
ပြုံးရုံသာပြုံးပြတတ်တဲ့ 
မင်းမျက်ဝန်းနက်တွေထဲက အဓိပ္ပာယ်ကို
ငါစိတ်မှန်းနဲ့ လွမ်းပါရစေတော့လေ …

ငါသိပါတယ် …
ကောင်မလေးရယ်
စစ်မှန်တဲ့ ချစ်ခြင်းတရားဟာ
ဒွန်းစန္ဒားလို လက်ဖြန့် တောင်းလို့ 
ချစ်ပါ\’ ချစ်ပါ\’ အော်နေလို့ မှ မရတာလေ ….

တကယ်ပါ ….
ကောင်မလေးရယ်
နှလုံးသားကို အဆိပ်ခပ်
ရင်ခုန်သံတွေ အိပ်မက်မက်လို့ ကောင်းနေဆဲ
အလွမ်းတွေတွေးပြီး ငါကျန်ရစ်လည်း
ငါလေ…နင့်ပဲ ချစ်တယ် ….။ ။

♥MOESUTNAY♥
19.5.2010(Wed)

\"\"

ကဗျာအတွက်ပုံလေးပို့ ပေးတဲ့ မမချမ်းရေ..ရှဲရှဲ.ပါ။

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

😛
😛
;P

commentinfo By: ei lay at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment