Professional Authors

ပွဲ – နရီထက်

ထီးကောင်းကြောင်း ကြေငြာပြီးမှ
မိုးသက်လေထဲ ရွက်လွင့်ပါသွားတဲ့ထီး
ငါ့လက်ထဲမှ ထီးရိုးတံတွေပဲကျန်နေခဲ့တယ်

ခိုင်ခံပါတဲ့ သည်ဖိနပ်
သဲကြိုးကိုက်စီးကာမှ
လမ်းမလယ်မှ သဲကြိုးပျက်ခဲ့တဲ့ဖိနပ်
ခြေရှက်လို့ ကျန်ထားခဲ့တယ်

ပဲခူးဝန်ထောက်
ပုဆိုးဖင်ပေါက်ခဲ့တဲ့ငါ
လုပုံလယ် အရှက်ရလို့
လှည့်ဝတ်ခဲ့သေးတယ်

ချစ်သူအတွက် ရည်စူး
ပန်းဝယ်လာသည့် ဒီမောင်မှာ
လမ်းမလယ် ငှက်ပျောသီးအခွံနင်းမိ
ခြေလျှောကာ မှောက်ရပ်လှဲခဲ့တယ်
ပန်းတွေလည်းကြဲ
ဒူးတွေလည်း ကွဲ။      ။

နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

မိုက်တယ်

commentinfo By: khinmoe at Aug 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment