လူပျိုကြီးဖြစ်ရတဲ့အကြောင်း
ရုပ်ကလေးကလဲ့ဖြောင့်ဖြောင့်
 ကိုယ်လုံးလေးကလဲ ကြည့်ကောင်းအောင်
 ခပ်တောင့်တောင့်။
 စကားပြောတော့လဲချိုချိုသာသာ
 မျက်နှာပေးလေးကခပ်ပြုံးပြုံး
 ကျနော့်အမေနဲ့ဆိုရင်
 လုံးနေမှာဘဲ(တည့်လွန်းလို့)။
 အ၀တ်အစားဆိုပြန်ရင်
 ဘရင်းဒတ်တွေကိုလဲစိတ်မ၀င်စား
 ရှိတာလေးနဲ့ဘဲလှအောင်ဝတ်။
 နာမယ်ကြီးဆိုတဲ့
 အလှပြင်စရာတွေလဲမလို
 သနပ်ခါးလေးနဲ့ဆိုရပြီ။
 အိမ်အလည်သွားဘို့တော့စိတ်မပါ
 ဂဏန်းနှစ်လုံးနဲ့လဲခပ်ဝေးဝေး
 အားတယ်ဆိုအိမ်အလုပ်လုပ်
 အချက်အပြုတ်ကလဲတကယ်ကောင်း
 ရထားတဲ့အလုပ်ကလေးကလဲ
 ကျနော်တောင်းတိုင်းလဲ
 ပိုက်ဆံပေး။
 ဘယ်တွေသွားနေလဲလို့တစ်ခွန်းမှမမေး
 ယောက္ခမလောင်းများကလဲသဘောကောင်း
 ဇီဇာကြောင်တတ်တဲ့ အဒေါ်အပျိုကြီးလဲမရှိ
 ပြဿနာရှာတတ်တဲ့ယောက်ဖဆိုတာဝေလာဝေး
 ဇယားမရှုပ်တဲ့တစ်ဦးထဲသောသမီး
 ရီးစားဆိုတာကလဲ ကိုယ်ပထမဆုံး
 ဒါမျိုးလေးများရမလားလို့
 ရှာရင်းစောင့်ရင်း…………………….
 ရှာရင်းစောင့်ရင်း…………………….
 ရှာရင်းစောင့်ရင်း…………………….
 ရှာရင်းစောင့်ရင်း…………………….
 တစ်နှစ်ပြီးတစ်နှစ်
 လူပျိုဘ၀ကကျွတ်အောင်တော့……………………………………………….
ကိုပေါက်လက်ဆောင် အတွေးစဉ်
Comment #6
၇ှိပါတယ် .. အများကြီး ကျန်သေးတယ်
ဇွဲ မလျော့ ကြနဲ့ 
                        By: သော်တာ at Aug 20, 2010
                    Comment #7
အယ် သူများအကြောင်းကို ရေးထားတယ် မဖြစ်ဘူး လူတွေ သိကုန်တော့မယ် ပုန်းနေမှ ……………အဟိ
                        By: အိလေး at Aug 20, 2010
Comment #1
ကိုပေါက်ရေ ဒီလို ဇနီးလောင်းမျိုးလေး တွေ့ရင်ပြောနော်
ဒီလိုသာရှာမယ်ဆိုရင်တော့ ထမင်းခြောက်တောင် ပျော့လောက်မယ်
😛