Professional Authors

အပျိုကြီး

မုဆိုးမ အိမ်ကမြင်းလိုပဲ
ကောင်းပါတယ်၊စီးသူမရှိဘူးဆိုတော့
မေးခွန်းမျက်လုံးဝိုင်းကြီးနဲ. လှမ်းလှမ်းကြည့်လည်း
ကံစမ်းမဲတော့ မနှိုက်ရဲပါ။

ရွေးလွန်းတာပဲဖြစ်ဖြစ်
မရွေးလွန်းတာပဲဖြစ်ဖြစ်
အကျိုးတရားက အတူတူပါပဲကွယ်
အကြောင်းရဲ.အမှန်တရားကိုမသိချင်ပါဘူး။

ပြီးပြည့်စုံတဲ့အလှရှိလည်း
ဘယ်ထောင့်မှာ ဇီဇာကြောင်တာလေးရှိနေမှာလဲ
ခွေးလေးကြောင်လေးတွေကိုပဲချစ်ပါ
ယောက်ျားတွေကတော့
ကျောလေးသပ်ပေးရုံနဲ.
ခြေဖမိုးကို ခေါင်းနဲ.မခွေ.ဘူး။ ။

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

ယောက်ျားတွေကတော့
ကျောလေးသပ်ပေးရုံနဲ.
ခြေဖမိုးကို ခေါင်းနဲ.မခွေ.ဘူး။ ။

ကိုမော်နီရေ စာသားက မိုက်လှချည်လား။

အပျိုကြီးတွေကတော့ ထိုင်ငိုတော့မှာပဲ

commentinfo By: favourite2me at Jun 28, 2010
Comment #2

မိန်းကလေးတွေ အပျိုကြီး ဖြစ်ရခြင်းသည် လောကတွင် ယောက်ျားကောင်းမရှိလို့၊ ယောက်ျားလေးတွေ လူပျိုကြီး ဖြစ်ရခြင်းသည် မိန်းကလေးတွေက ပြန်မကြိုက်လို့ လေ့လာတွေ့ရှိရပါသည်။ 😛

commentinfo By: မနောဖြူလေး at Jun 28, 2010
Comment #3

ကိုမော်နီရေ .. ကြမ်းလှချည်လားဗျာ တော်တော်ကြာ အပျိုကြီးတွေ ၀ိုင်းဖဲ့တာခံနေရအုံးမယ်နော်

commentinfo By: ei lay at Jun 28, 2010
Comment #4

ကြိုက်သွားပြီ

commentinfo By: ဆောင်းချယ်၇ီ at Jun 28, 2010
Comment #5

လူပျိုကြီးလည်းရေးထားပါတယ်ဗျာ
မျှမျှတတပါ

commentinfo By: mawni at Jun 28, 2010
Comment #6

ထင်လို့ပါ…
နောက်ရစရာ ယူစရာမရှိတော့လည်း…
အပျိုကြီးတွေ အနားပဲ လာခွေ့ကြရတာပါ…း)

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #7

ကိုမော်နီပြောပုံအရ ၊ တွေးပုံအရ၊ ရေးသားပုံအရ ဆိုရင် ကမ္ဘာပေါ်မှာ ကြောင်ဈေးကွက်၊ ခွေးဈေးကွက်တွေ ရောင်းအားကောင်းဖို့ အပျိုကြီးတွေကို ပန်းပြရမလို့ဖြစ်နေပြီးဗျာ။ အပျိုကြီးတွေရဲ့ လူ့သိက္ခာဆိုတာကိုလည်း တွေးမိလေးရဲ့လားဗျာ။ ကဗျာကောင်းလေးဖြစ်ဖို့ သတိလေးထားပါအုန်းဗျာ့။ အကြုံပြုပါရစေ။

ကိုဘုန်းပြည့်သျှင်

commentinfo By: natthameelay.natthalay at Jun 29, 2010
Comment #8

ကိုမော်နီေ၇
ယောကျာ်းလေးတွေဘက် က ဘယ်လို မြင်တတ်တယ်ဆိုတာကို
သိ၇တာကျေးဇူးပါ။
တိုတိုနဲ လို၇င်းေ၇ာက်ပါတယ်
ပြုပြင်နိုင်ကြပါစေဆိုတဲ့ သဘောထားပီး
ဒါမျိုးများများသာေ၇းပါတော့ 
ကဲ သမီးေ၇ လိမ်မာအောင် မွေးပီး အိမ်ထောင်ချမပေးမိတာ ကို ဒီဘ၀တော့ ခွင့် လွှတ်
အချိန်လွန်မှ ပွင့် တဲ့ မင်း အချစ်ပန်း မင်း၇င်ထဲ သာလန်းပါတော့ ကွယ
*****လူမသိစေနဲ့ တော့ ********

commentinfo By: သော်တာ at Aug 20, 2010
Comment #9

j65

commentinfo By: ဆက်နေခ at Feb 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment