Professional Authors

အချော့ခံတေး – နရီထက်

အောင်မြင်မှုအတွက်
အရှုံးမရှိခဲ့သူ ကြိုးစားမှုအတွက်
နှစ်သိမ့်ဆုလေးပေးခဲ့သည်

အိမ်ပြန်နောက်ကျ
နွေးထွေးမှုဝေး ဆန်ကုန်လေးကို
ကြက်ဥကြော်တော့ ချန်ထားပေးသည်

လက်ဆောင်တွေ မပေးနိုင်တဲ့ငါ
ပန်းတစ်ပွင့်နှင့် ကဗျာတစ်ပုဒ်လောက်တော့
မင်းအတွက် တကူးတကာယူခဲ့ပေးသည်
တန်ဘိုးမရှိ ဟာသလုပ်သည်
အရူးလုပ်သည် အမုန်းမျက်ရည်ကျခဲ့ရသည်

အင်း… စဉ်းစားပေးမည်
ကြိုးစားကြည့်ပေးမည်
သည်စကားတွေကြား ရစ်မူးနေလည်း
မျှော်ယောင်သန်းရီ ဝေးနေလှသည်
မာယာခံသွေး အချော့ခံတေး
ဓါတ်ပြားဟောင်းလေး ဖွင့်ထားခဲ့သည်။      ။

နရီထက်
( ၁၉ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment