Professional Authors

မျှော်လင့်ချက်သစ်ပင်

အကြောက်တရားနဲ့ ခံစားချက်ကြား
နှလုံးသားတွေက အကြောင်းမဲ့သက်သက်မြေဇာပင်
မတရားမှုတွေကိုနှိမ်နင်းမယ်တဲ့ 
လက်ခမောင်းခတ်မယ်ကြံတဲ့ အမှန်တရားရေ
ခင်ဗျားအလာကောင်းပေမဲ့  အရာအားလုံးအခါနှောင်းခဲ့ပြီ ထင်ပါရဲ့

အိပ်မက်တစ်ခုကိုတစ်စိုက်မက်မက် မက်လာတာ
တစ်ခါတစ်ခါ ညတွေကိုတောင်ပြန်အားနာတယ်
ဒါပေမဲ့ခက်တယ် ဒီအိပ်မက်ကဘ၀ပေါင်းများစွာနဲ့ တိုက်ရိုက်အချိုးကြတယ်
ပြီးတော့ ငါမှာလဲဒီအိပ်မက်တစ်ခုပဲ မက်စရာရှိတယ်

လွမ်းခန်းကြမ်းခန်းပြီးရင် ဇာတ်ပေါင်းခန်းလာပါပြီတဲ့
ဟုတ်ကဲ့ အဲဒါနှစ်အစိတ်ကြာမယ်မှန်းသိ ကျော်ကြည့်မိပါတယ်
မရိုက်ရသေးတာလား မရိုက်ဖြစ်တော့တာလားမသိ
ဒီရုပ်ရှင်က လူဆိုးအခန်းကပဲတ၀ဲလည်လည်
ငါလဲဒီလိုနဲ့ ပဲ သေမဲ့ လမ်းခြေတစ်လှမ်းပြင်တယ်

လားရာမတူတဲ့မြစ်တွေအကြောင်းငါက ကဗျာဖွဲ့ တယ်
ညောင်အိုပင်ကြီးက ခပ်ဆဆနဲ့ မေးခွန်းထုတ်တယ်
မြစ်တွေရဲ့လားရာ တူမတူငါဘယ်လိုသိသလဲတဲ့
ငါကပဲ ဇာတ်လမ်းတွေထွင်သယောင်ယောင်နဲ့ 
အဖြေမလိုတဲ့မေးခွန်းတွေလာလာမေးရင် ခေါင်းကိုဘယ်ကညာကိုရမ်းတယ်
မဖြေလိုတဲ့မေးခွန်းတွေလာလာမေးရင်တော့ ခေါင်းကိုညာကဘယ်ကိုရမ်းတယ်
ဘာမှထပ်မမေးနဲ့ အဲဒီနှစ်ခုထဲကတစ်ခုနဲ့ ပဲတုံ့ ပြန်တတ်တယ်

စုတ်ပြတ်သက်နေတဲ့မနက်ခင်းတွေကိုတယုတယနဲ့ ဖြန့် ကြဲမိတယ်
မျှော်လင့်ခြင်းတသီကြီးနဲ့  ပဲပြုတ်သည်ကပဲပြုတ်တစ်ဆယ်သားအလကားပေးတယ်
အကျည်းတန်နေတဲ့ မနက်ခင်းတွေထဲ နေရောင်ခြည်လေး ရှားရှားပါးပါးပြုတ်ကျ
သြော် … ပဲပြုတ်စားရင်းငါလိုစိတ်ကူးနဲ့ ရူးခဲ့သူတစ်ယောက်တော့ဖြင့်မရှိရှာတော့
အတွေးတွေကတစ်ခါတစ်လေမွန်းကြပ်မှုကိုညှို့ တင်ပေးတယ်
ငါနာနာကြည်းကြည်း ဆယ်မိနစ်လောက်ပြုံးမိတယ်လေ

တောင်စဉ်ရေမရအတွေးတွေက
ရေမျောကမ်းတင်ကလေးတစ်ယောက်ရဲ့ငိုသံလောက်
တန်ဖိုးရှိပါရဲ့လား …. ဒီမေးခွန်းလေးကြောင့်အသည်းကွဲရ
ဒီလိုနဲ့ အလင်းမရှိတဲ့ညထဲ ငါကကျင့်သားရခဲ့တယ်
သူတို့ ကတော့ လူတစ်စုကတော့ဖြင့်
အရက်ခွက်ကိုင်ရင်း ကြေးစည်ထုလို့ 
အမျှတွေတသီကြီးဝေတယ် ..

နှစ်တွေလတွေ အချိန်စက်ဝန်းဆိုတာကြီးရေ
ရှေ့ပြန်ပဲသွားသွား နောက်ပြန်ပဲဆုတ်ဆုတ်
မျှော်လင့်ချက်ဆိုတဲ့အရာကိုတော့ ပြန်အန်ထုတ်မပြပါရစေနဲ့ 
ငါ ဒူးမထောက်ချင်ဘူး
ဒီဇာတ်လမ်းက အလွမ်းနဲ့ မဆုံးကောင်းဘူး

မပျိုးခဲ့ရတဲ့နိဒါန်းတွေ
အဆုံးမသတ်နိုင်ခဲ့တဲ့ ကဗျာတွေ
ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့ရတဲ့ဘ၀တွေ
တိတ်တဆိတ်ကျခဲ့ရတဲ့ သစ်ပုတ်ပင်ကြီးရဲ့မျက်ရည်တွေ
တစ်ခါမှမကြားဘူးတဲ့ သူမရဲ့သက်ပြင်းရှိုက်သံတွေ
နံရံလေးဘတ်ကြားက တန်ဖိုးဖြတ်မရတဲ့နှလုံးသားတွေ
……
ရာစုနှစ်များစွာအထိအဖိုးတန်စေ .. အနှိုင်းမဲ့ဖြစ်စေ … အစဉ်အမြဲတောက်ပစေ

In: ကဗျာ Posted By: Date: Jul 12, 2009
Comment #1

aha!
mite tae ..
sis red ant yet poem tway ငတ်နေတာကြာပီ.. =(

commentinfo By: h3mlock at Jul 12, 2009
Comment #2

ဟော … တူလာပြီ … ကဗျာက မိုက်တယ် … ထပ်တင်ပါဦး

commentinfo By: nightbird at Jul 13, 2009
Comment #3

တော်ပါသေးရဲ့ ကဗျာရွာကမိတ်ဆွေတွေ ရက်ဒ် ကိုမှတ်မိကြလို့  … သူကြီးရောကျန်းခန့် သာလို့ မာမယ်ထင်ပါရဲ့ .. မရက်ဒ် officially ပြန်လာပါပြီ ..

commentinfo By: redoranda at Jul 14, 2009
Comment #4

နှစ်သက်စွာအားပေးနေလျှက်

commentinfo By: အသဲကွဲ မိုး at Oct 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment