Professional Authors

ကဗျာသည်အနုပညာမြောက်သောအခါ

 ငါ့ ကဗျာမှာ
ငါ့ ရဲ့ ရိုးစင်းမှု့ နဲ့ 
အတ္တကင်းသမျှကို
တိုင်တည်မယ် …………
ပြီးတော့ ကဗျာအကြောင်းပြောကြမယ်
ကဗျာတွေရဲ့ ဋီကာမှာ
ကဗျာဟာကဗျာနဲ့ သာ
ရှင်သန်သောအခါ
ကဗျာမှာ
အာရုံငါးပါးပါတယ်
ကဗျာမှာ
လောကီရဲ့ 
ဖြစ်တည်မှု့တွေပါတယ်
ကဗျာမှာ
သစ်သီးတွေနဲ့ 
ဖွဲ့ နွဲ့ တဲ့ အချစ်ပါတယ်
ကဗျာမှာ
နိယာမတွေပါတယ်
ကဗျာမှာ
နောက်ဆုံးပေါ်တဲ့ 
နည်းပညာတွေပါတယ်
ကဗျာမှာ
သိပ္ပံပညာရှင်တွေအကြောင်းပါတယ်
ကဗျာမှာ
အကြောင်းအရာတွေပါတယ်
ကဗျာမှာအကျိုးတရားတွေရဲ့ 
အသုံးဝင်မှု့ပါတယ်
ကဗျာမှာဘာသာဗေဒတွေပါတယ်
နေပါဦးကွယ်………….
ကဗျာမှာ
စေတနာပါရဲ့ လား
တွေးတွေးလေးငေးမိသောအခါ
ကဗျာသည်
ငါ၏ရိုးစင်းမှု့ အား
ကဗျာနှင့် ရောစပ်ထားသော
ကဗျာတစ်ပုဒ်အကြောင်း
ဖက်ပြသည်……………………
…………………………………

                                      မင်းလူန

In: ကဗျာ Posted By: Date: Jul 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment