Professional Authors

အတည်ပေါက်ရေးတဲ့ကဗျာ (ဆူးနစ်ရင်)

စိတ်ကူးတွေ့တိုင်း
ရာဇာနေ၀င်း လို လျှောက်လုပ်လိုက်ရရင်
နေသာထိုင်သာ ရှိမလားလို့
တစ်ခါတစ်ခါ တွေးမိတယ် . . .
ဘ၀ က
ငမော့စ် နှုတ်ခမ်းမွှေးလို
မတိုမရှည် ဖြစ်နေတော့
မျှော်လင့်ချက် က
ဗေလုဝ လို ပိန်မဲခြောက်လာတယ် . . .
စိတ်ဓါတ်တွေက
ခင်လှိုင့် ဥပဓိရုပ်လောက်မှ တည်လို့မရတော့
ဖြစ်သမျှ အကြောင်းကလည်း
ဧရာ့ ခေါင်းလို ပြောင်ပြောင်လိုက်လာတယ် . . .
ဘာပဲဖြစ်ဖြစ်
ဦးမိုးဒီ လို စိုစိုပြည်ပြည်လေး မဟုတ်တောင်
ကျော်ထူး နှာခေါင်း လောက်
အိပ်မက် ခပ်ကြီးကြီးလေး တစ်ခုတော့
ပိုင်ဖူးချင်တယ် . . . ။          ။

In: ကဗျာ Posted By: Date: Jul 10, 2010
Comment #1

ဒီကဗျာကို………….တော့ ကြိုကါတယ်
ဟိး……..တော်တယ်……….တော်တယ်။တွေးတက်တယ်နော်

commentinfo By: kathitni1980 at Jul 10, 2010
Comment #2

ကျေးဇူးတင်ပါတယ်

commentinfo By: sueenittyin at Jul 14, 2010
Comment #3

🙂 :P.. ဒီကဗျာလေးကို လွမ်းနေတာဗျ… ပြီးတော့ “ဒုက္ခ” ဆိုတဲ့ ကဗျာလေးရော.. ရှာလို့မတွေ့ဘူး…တင်လိုက်ပါဆရာ ရယ်…..

commentinfo By: kyaesinkha at Jul 15, 2010
Comment #4

ရီရတယ်
အတည်ပေါက်ကြီးနော်
အဟိ

commentinfo By: chocolate at Aug 4, 2010
Comment #5

မိုက်တယ်နော်……….ဍ
ကြိုက်တယ် …
အဟဲ…

commentinfo By: sharon at Aug 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment