Professional Authors

တဖတ်သက်ချစ်ရသူ

ကောင်းကင်က တော့အမြဲ လင်းလက် မနေပါဘူးလေ ..

ကျမ အတ္တကြောင့်လား တော့ မသိဘူး
နေညိုရင် ငိုနေတတ်တယ်

သူ့အကြောင်း မတွေးမိအောင်
ကျမကိုယ်ကျမ သွေးဆောင် ကြည့်ပါသေးတယ်
စက္ကန့်တွေ မလပ်အောင်
တင်းကြပ်စွာ စိုးမိုးထားခဲ့သူလို့ တော့
အပြစ်မဖို့ ရက်ခဲ့ပါဘူး …

အများအမြင် မှာတော့
လွန်ကာသွားသူလို့ ထင်နေရော့မယ် .. ။

အလွမ်းတွေ ဖိတ်စင်ကြဲနေတဲ့
ဝန်းကျင်မှာ ကျမကတော့
ခပ်နွမ်းနွမ်းပဲ ပြုံးတတ်တော့တယ် … ။

သူ့အပြုံးလေး တပွင့်ခူး
ရင်ထဲမှာ တခါ ဆူး
ဒီလိုနဲ့ ရူးသွပ်စရာ ဥယျာဉ်ငယ်
ကျမရင်ထဲ
ကွယ်ဝှက်ထားဖူးတယ် .. ။

သ၀န်တိုစိတ်ဆိုလည်း ကြိတ်မှိတ်
ရင်တထိတ်ထိတ်နဲ့ စိုးစိတ်က
သူ့ရင်ခွင်လွှာမှာ
ဦးကာထားသူ ဘယ်သူများလဲ
ခါးသီးတဲ့ အတွေးဟာ
ရင်မှာ နွေးနေတုန်းပဲ ………… ။

သူ့မျက်ဝန်းလေးတွေရဲ့ ကကျိုးဟာ
အသက်ရှူသံတွေကို မှားယွင်းစေတဲ့
ရင်ခုန်ခြင်းမျိုးပါ ..
သူနဲ့ကျမကြား ဖြတ်သွားတဲ့
လေညှင်းလေးတွေကိုလည်းကျမ မုန်းတယ် .. ။
ကျမ လောက် သူ့ကို
ဘယ်သူ သ၀န်တိုတတ်မှာလဲ .. ။

ကျမပါးပြင်ပေါ်က မျက်ရည်စက်ကလေးတွေ
သူ့လက်ချောင်းလေး တွေနဲ့
လာသုတ်ပေးမယ် ဆိုရင်တော့
ကျမငိုချင်တယ် … ။

ခုတော့ရင်ထဲက
တစ်စုံတစ်ရာ အချို့ကို
သူ့အပြုံးတွေ နဲ့ပဲ ကွယ်ဝှက်တတ်ခဲ့အောင်
ကြိုးစားခဲ့ပါတယ် … ။

အဖော်ဆိုလို့ မျက်ရည်တောင် မရှိတော့ဘူး …………. ။

ကျမ အရူးအမူး ချစ်ဖူးသွားတာ
သူ့ကို ဘယ်သူ ပြောပြပေးမှာလဲ .. ?
စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ …

ကျမ ဘယ်တော့မှ ပုံမပြောတတ်ပါဘူး ………. ။

12:15 ( am )
21.7.2009 ( Tue )

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jul 22, 2009
Comment #1

” စောင့်စည်း အပ်တဲ့ အရာတွေကြားမှာ
ကွယ်ဝှက်ကာ ထားခဲ့ရတဲ့ နှလုံးသားတစ်စုံ
သိမ်မြုပ်မသွားဘူးဆိုတာ ယုံ … ”

a yan ko kyite ei 😀

commentinfo By: thazin at Jul 22, 2009
Comment #2

လွမ်း ကိုယ်တိုင်ကို က အဲ့ကဗျာကို သေအောင်ကြိုက်တာ
ကျေးဇူးတင်ပါတယ်
ကိုယ့်ဘာသာကိုရေး ကိုယ့်ဘာသာကိုယ်ဖတ်
ကိုယ့်ဘာသာကိုယ် ခံစား
ကိုယ့်ဘာသာကိုယ် ငို တာ ဟီးးးးးးးးး

commentinfo By: lwanhlainge at Jul 23, 2009
Comment #3

ကောင်းတယ်ဗျာ .. ကြိုက်တယ်။

commentinfo By: thettwe at Jul 23, 2009
Comment #4

ကျေးဇူးတင်ပါတယ် …
နောက်လဲ ကဗျာလေးတွေ လာဖတ်ပါဦးလို့
ဖိတ်ခေါ်ပါတယ်

commentinfo By: lwanhlainge at Jul 24, 2009
Comment #5

i like 🙂 မိန်းကလေး တစ် ယောက် ရဲ. ခံစား ချက် ကို ဖော် ထုတ် ခဲ.တာ

commentinfo By: fox.mulder at Jul 24, 2010
Comment #6

😀 ဘယ်သူပဲ ဖြစ်ဖြစ် တဖတ်သက် ချစ်ရတဲ့ ဝေဒနာပေါ့ မိန်းကလေး ရေးထားတော့လည်း မိန်းမ ပိုဆန်သွားတယ် ပေါ့

commentinfo By: lwanhlainge at Jul 29, 2010
Comment #7

တဖတ်သတ်အချစ်က အရမ်းခံစားရတယ်နော် ဘ၀တူတွေပါဘဲ……..

commentinfo By: မိုးသား at Oct 16, 2011
Comment #8

ဒီကဗျာလေးကို အရမ်းကြိုက်တယ်..
ကျမအရူးအမူးချစ်ဖူးသွားတာ.
သူ့ကို ဘယ်သူပြောပြပေးမှာလဲ..?
ဆက်ပီး ကြိုးစားပါနော်

commentinfo By: မေမုန်းလေး at Nov 9, 2011
Comment #9

mike de kwar.
a yan daw dar pe

commentinfo By: ei lay at Jan 14, 2012
Comment #10

သေစမ်းးးးးးးးးးးးးးးးးးးးးးးးး
ဒီကဗျာပြီးမှ လွမ်းလှိုင်းဆိုတာမိန်းခလေးမှန်းသိတယ်ဗျ
တောင်းပန်ပါတယ် တကယ်အနူးအညွတ်တောင်းပန်ပါတယ်
ကျွန်တော် ဖတ်ဖူးတဲ့ မလွမ်းလှိုင်းကဗျာတွေက မိန်းခလေးရေးထားတယ်လို့သိပ်မထင်ရဘူး အဲ့ဒါကြောင့် ကျွန်တော်လည်း ယောကျာ်းလေးလို့ထင်မိတာပါ တကယ်ကြီးsorryပါဗျာ
ီဒီကဗျာကိုတော့ ဘယ်လိုပြောရမလဲမသိဘူးဗျ ဒါကြောင့်မပြောတော့ပါဘူး
တစ်ဖက်သတ်အချစ်ကိုပြောထားတာတော့ တကယ်ပီပြင်တယ် ။

commentinfo By: X - ray at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment