Professional Authors

နှုတ်​ဆက်​ခဲ့ပါသည်

နှုတ်​ဆက်​ခဲ့ပါသည်
အချိန်​​စေ့လို့သွား​တော့မည်
မငိုချင်​သူ​တွေများလို့
ငိုပါနဲ့လို့လဲမဆို​တြော့ပီ

ရီ​နေရစ်​ပါ​တော့
ပျော်​​နေ​မော်​​နေရစ်​လိုက်​တော့
ချစ်​ခဲ့မိသမျှအကုန်​အားလုံး
ငါကအရှုံး​ပေးလိုက်​ပြီ

ဘ၀သံသရာကြီးအတွက်
နောက်​တစ်​ဘူတာကိုခရီးဆက်
ကသုတ်​ကရက်​နဲ့ရုတ်​တရက်​ပဲမို့
အသဲက​တော့နင့်​ဆီကျန်​ခဲ့ပြီ

ဝေးကြပြီဒီတစ်​သက်​​တော့
ရှုံးရပြီဒီဘ၀မှာ​တော့
နှလုံးသားကိုအနား​ပေးပြီး
စိတ်​​လျှော့လို့တ​ရေးအိပ်​မည်

သို့​သော်​လည်းချည်​သည့်​ကြိုးရယ်​က
ဘ၀အဆက်​ဆက်ထိရည်​ရွယ်ထားခဲ့လို့
ဘုရားမြတ်​ရှင်​ထံမှာဆု​တောင်းသည်
သံသရာတစ်​​ဒေါင့်​ကငါ​စောင့်​​နေမည်​…

In: ကဗျာ Posted By: Date: Jun 8, 2014
Comment #1

တော်တော်လေးကြိက်သွားပြီဗျာ

commentinfo By: kyawyenaing at Jun 8, 2014
Comment #2

ပထမဦးဆုံးတင်​တဲ့ကဗျာ…ပထမဦးဆုံးရတဲ့ အား​ပေးစကားအတွက်​ အမှတ်​တရပါပဲဗျာ..

commentinfo By: kgyi at Aug 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment