Professional Authors

ငါ အနုလောမ ပဋိလောမ (ပိုင်စိုးဝေ)

ငါ့အတိတ်မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။

ပိုင်စိုးဝေ

Comment #1

သိက္ခာ…..
ကိုယ် ယုံကြည်ရာ အမှန်တရားများစွာအတွက်
အတွေးနဲ့တင် ၀မ်း ၀ နေတတ်ခဲ့…။

commentinfo By: John Moe Eain at Jul 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment