Professional Authors

တည်ဆောက်ရေးလုပ်ငန်းတခုခုမှာ အလုပ် လုပ်တယ်လို့ ပြော (မိုးဝေး)

ခုန်ထွက်လိုက်သလို
ဘဝဆိုတာ ဒီလိုပါလားလို့ ပုံသေ သတ်မှတ်လို
အချိန် နှောင်း မနှောင်း
အဖွဲ့အနွဲ့ ကောင်းသူလက်ထဲက လက်ဖွဲ့
” ငါ ဆိုတာ ပျင်းစရာ ဘုံကြီးပါ ” ပုံပါ တီရှပ်နဲ့ ဟို ကတုံး (ခေါင်းတုံး)
လူတစ်ယောက်ရဲ့ ကျောပြင်မှာ
ပြတင်းပေါက် တစ်ခုဟာ အမြဲနာကျင်နေပါတယ်
ဒီထက်ကောင်းတဲ့ ကဗျာတွေ ရေးချင်ပါတယ် တေးများ ကို သတိရ
လမ်းပေါ်ရောက်ရောက်ချင်း ချုပ်ရိုးပေါ်က ကန်ကန်ထွက်မိတဲ့
အဟာရ နွားနို့ သူ့ဖို့ချည်းပဲ ဆိုတဲ့ ဈေးမှုဗေဒ စကားကျမ်းအဖွင့်
စပယ်ပန်းတိုင်း မွှေးသလား ဟေ့လူ
ဘယ်နေ့ကို ဒီနေ့ လို့ပြောမလဲ
မမြဲခြင်းကို လိုက်ဖမ်းနေတဲ့ ဟို စမတ်ကျကျ လူရော
သူ့နာမည် ပြန်ပြန်မေးနေတာ ပတ်ဝန်းကျင်နဲ့ ဆိုင်မဆိုင်
မမြဲခြင်းဟာရော အများသုံး ဖြစ်နိုင် မဖြစ်နိုင်
ကျိုးကျသွားတဲ့ ဓါတ်တိုင်နေရာမှာ ငါ အစားထိုး ရ  မရ
ငါနဲ့ ဘာဆိုင်လို့၊ ငါတို့အကြောင်း ဝင်မစွက်ဖက်နဲ့
အဟမ်း… တစ်ယောက်စာပဲ ရှိတော့တယ်
အတိုလား အရှည်လား
တစ်ရာဘိုးနဲ့ အသေရိုက်သတ်လို့ရတယ်
မိဘ မေတ္တာတွေလာမယ် ကလွဲလို့
ကျန်ကမ္ဘာ့ အစိတ်အပိုင်းအားလုံး
ဘယ်လိုလာရမလဲ၊ မိုးတိတ်တုန်း၊ မီးလာတုန်း
ဘတ်စကားတွေ ရှိတုန်း၊ ဈေးကွက်ဝင်ကုန်ကြပြီ
သွေးထွက်အောင်မှန်တာ အမှန်တရားလား
ဆင်ခြင်တုံတရား ရောက်မလာခင်
နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြပါရန် ။     ။

မိုးဝေး
၂၀၀၆ (သူပဲအကြမ်း သူပဲအချော ကဗျာစာအုပ်မှ)

In: ကဗျာ,မိုးဝေး Posted By: Date: Jul 6, 2010
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပါ…

commentinfo By: ငယ်လေး at May 30, 2011
Comment #2

လူတစ်ယောက်ရဲ့ ကျောပြင်မှာ
ပြတင်းပေါက် တစ်ခုဟာ အမြဲနာကျင်နေပါတယ်
ဘယ်နေ့ကို ဒီနေ့လိုပြောမလဲ…

commentinfo By: SoFarAwayFromU at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment