Professional Authors

အိပ်မက်သူ

ပြိုင်မြင်းတစ်ကောင်ရဲ့

မရပ်မနား… ဒုန်းစိုင်းပြေးသလိုမျိုး

မင်းကိုငါ လွမ်းခဲ့တယ်။

တိမ်တွေကို နေ့တိုင်းမြင်ရပေမယ့်…

မင်းကို မမြင်ရတော့

ရင်ထဲမှာ

ကိုယ်တီးခတ်မယ့် စောင်းကြိုးက ပြတ်နေတယ်။

ကောင်မလေးတစ်ယောက်ကို

တေလေပီသစွာ လိုက်ရှာနေပုံမျိုး

နေရာမျိုးစုံနဲ့ မက်မက်နေလေတော့

ကျခဲ့တဲ့မျက်ရည်တို့ အစားထိုးပြန်မရသလို

စိတ်ထဲမှာ ဖြစ်ပျက်နေတာ

ရှင်းမပြတတ်အောင်ပဲ ဆိုပါတော့။

ဒီအိပ်မက်တွေ ငြီးငွေ့ပြီ

သူ့ကို အိပ်မက်ထဲ အရောက်လွှတ်လိုက်ပါအုန်းလို့…

“……….” ကို အော်ပြောရတာလည်း

အမောပါပဲကွာ…..။

 

 

                                           စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

hote pay e,,
hman pay e,,

commentinfo By: ei lay at Feb 16, 2012
Comment #2

တိမ်တွေကို နေ့တိုင်းမြင်ရပေမယ့်…
မင်းကို မမြင်ရတော့
ရင်ထဲမှာ
ကိုယ်တီးခတ်မယ့် စောင်းကြိုးက ပြတ်နေတယ်။

commentinfo By: kantkawmg at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment