Professional Authors

ဆောင်းည

မနေ့က
ငါ့အခန်းတခါးကို တွန်းအဖွင့်
အလွမ်းတွေက အခွင့်မရပဲဝင်လာလေရဲ့
နင်ရှိနိုင်မလား……..ထင်

တဲ့နေရာကိုမှန်းစရင်း
ငါကြည့်မိတယ်
ဟိုးအဝေးကောင်းကင်က…….ကြယ်လေးတွေလောက်
ဝေးနေတာလား…အလွမ်းတွေနဲ့ တံတားခင်းရင်တောင်
နင့်ဆီကိုရောက်လောက်ပီနဲ့တူတယ်………..
ဘယ်လိုလဲ …….. ငါ့ရဲ့ နတ်သမီးရေ
နင်က ကိုယ်ယောင်ဖျောက်တာ အရမ်းတော်တာပဲ
ငါရှေ့မှာ ကိုယ်ထင်မပြတာ ဘယ်လောက်ကြာပီလဲ
ငါလေ………
မပြောဖြစ်တဲ့စကားတွေ…..ပြောပြချင်တယ်
နင်မရှိတဲ့အခါ ငါဘယ်လို ခြောက်သွေ့နေတယ်ဆိုတာ
နင့်ကိုမြင်စေချင်တယ် ………
အပြင်ဖက်မှာနှင်းတွေကျစေချင်တယ်
နင်ပါအတူတူပါလာစေချင်လို့လေ…….
ငါမသိလိုက်ပဲနဲ့ ……. နင်ဆိုတဲ့ သပ်ကို
ငါ့နှလုံးသား နက်နက်ထဲထိ ရိုက်သွင်းခဲမိပြီ
ပြန်ထွက်မသွားပါနဲ့နော်….……
ဒီလိုနဲ့ ငါပြောချင်သမျှကို ခေါင်းအုန်းနဲ့ငါ
နှစ်ကိုယ်ကြားပြောရင်း အခန်းတစ်ခါးကို ပြန်အပိတ်မှာ
အလွမ်းတွေနဲ့ငါ တိတ်ဆိတ်စွာ ကျန်ခဲ့လေရဲ့…………..…………………
In: ကဗျာ Posted By: Date: Jul 2, 2010
Comment #1

so nice ……

commentinfo By: hninayemoe snow at Jul 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment