Professional Authors

သစ္စာမျှောပွဲ

ရေပြင်ကျယ်သော ချောင်းငယ်အတွင်း
စက်တပ်လှေဖြင့် စုန်ဆန်ခြင်း
ရွှေရောင်လွှမ်းတဲ့နေ့လည်ခင်း၊

စိန်ပွင့်များအလား မိုးစက်များအကြား
ပျော်မြူးခဲ့ရဆည်းဆာအလှ
ရွှေကျင်ချောင်းတွင်း မီးမျှောချိန်၊

မီးကြာခွက်များတလဲ့လဲ့
နင်ရယ်ငါရယ်ထွန်းညှိခဲ့
ဒီတစ်ယောက်ထဲချစ်ခဲ့ပါဟု
တိုင်တည်သစွာဆိုပြီးလေသော်
ဤသစ္စာစကားမှန်သောအခါ
ရေသို့ဆန်တက်ပါစေသားဟု
မီးကြာခွက်အားရေပေါ်အချ
မှန်သောသစ္စာ
မျှောသောကြာသည်
ရေတွင်စုန်းစုန်းမြှပ်လေ၏။

တကယ်လို့များ
နင်ကြည့်တတ်ရင်
အချစ်များဖြင့်ဖုံးလွှမ်းနေပြီး
ပုံစံမပျက်မွမွကြေနေတဲ့
ငါ့နှလုံးသားတစ်ခုကို
နင်မြင်တွေ့နိုင်မှာပါ။

In: ကဗျာ Posted By: Date: Jul 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment