Professional Authors

“မိုးလှိုင်ည …´´

မိုးမြှားတွေ …
မိုးမြှားတွေ …
ရက်ရက်စက်စက်ပဲ မြေပြင်ပေါ်ကို သူတို့ခန္ဓာကိုယ်တွေ
ဒေါင်လိုက် အလျားလိုက် သွန်ကြဲချကြ …

ကောင်းကင်တစ်လျှောက်ကလည်း ….
အလင်းအိမ်တွေနဲ့ ကခုန်ပျော်မြူးလို့ …. မို့လို့ မောက်လို့ …

မြေပြင်တစ်လျှောက်လုံးက မိုးရာသီထဲ ပြိုလဲကာ …
ခါးသီးတဲ့ ပူလောင်ခြင်းတွေ
အပြိုင်အဆိုင် အိုမင်းရင့်ရော်သွားကြတာ …
ဘယ်သူသိနိုင်မလဲ …

ဩော် …
တမ်းခြင်းတစ်စုံနဲ့ ပျိုးခဲ့တဲ့
တရှိုက်မက်မက်မိုးရာသီအနမ်းလေးတခုတော့ ….
အသက်ဝင်စပြုလာပါပြီ …။ …
(၂)
ကောင်းခြင်းအဖြာဖြာနဲ့ …
ငါ့ရဲ့ ….
ကြေကွဲခြင်း ရင်ဘတ်တစ်စုံ …
ပူလောင်ခြင်း သက်ပြင်းတစ်အုံ …
နာကျင်ခြင်း ၀ိဥာဉ်အစုံတို့ကို ရိုက်ခွဲခုတ်ချသွားပေးကြပါ …
စောင့်ဆိုင်းခြင်း အခါခါ …
စောင့်လာခဲ့ရတာ …
(၃)
မိုးတိမ်တွေကတော့ …
ညတွေနဲ့ သူတို့ကိုယ်သူတို့ ဖုံးအုပ်ထားကြလေရဲ့ …
ဟိုး … မြင်နေရတဲ့
မိုးကုပ်စက်ဝိုင်းကြီးရဲ့ ၀င်ရိုးစွန်းအစနဲ့ အဆုံးတလျှောက် …
ပြေးလွှားနေတဲ့ ကောင်းကင်ကမ်းရိုးတန်းကြီးဟာ အော်မြည်တာ …
အွား …
သွေးပျက်စရာကောင်းလိုက်တာ …
ကြောက်ခမန်းလိလိ တချက်တချက် ထထအော်မြည်ပြီး ….
ခံစားချက်တွေကို အပူပြင်းဆုံးတောက်ကျွမ်းနေတာ …

ကောင်းကင်ကြီးရဲ့ မျက်နှာပြင်တစ်လျှောက်မှာတော့ …
အက်ကွဲမှုနဲ့ တုန်ခါမှုတို့ ဆောက်တည်ရာမရ ပြေးကြလွှားကြ …
(၃)
ငါ့တစ်ယောက်တည်း …
မူးဝေခြင်းတွေထဲမှာ …
ကဗျာတပုဒ်၊
ကောင်မလေးတစ်ယောက် … တိုနဲ့
ယစ်မူး…လို့ပါလျက် …နဲ့ …

ကောင်းကင်ရဲ့ တဟုန်ထိုးမိုးစက်လေးတွေဆီက
အငွေ့အသက်တွေ …

ချမ်းအေးအေးလေးနဲ့ …
အဲဒီည အိပ်မက်တွေထဲ တော်တော်ပျော်ခဲ့ပါတယ် …
(၄)
ရှိုက်ပါတငင် မိုးကြီးရှင် …

In: ကဗျာ Posted By: Date: Jul 1, 2010
Comment #1

ငါ့တစ်ယောက်တည်း …
မူးဝေခြင်းတွေထဲမှာ …
ကဗျာတပုဒ်၊
ကောင်မလေးတစ်ယောက် … တိုနဲ့
ယစ်မူး…လို့ပါလျက် …နဲ့

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment