Professional Authors

စာမျက်နှာတစ်ခုပေါ်က ငါတို့ဆည်းဆာ

အကျလွယ်ချင်ခဲ့တဲ့
မျက်ရည်တွေ ခေါက်ခေါက်သိမ်းရတော့
ပြိုမလို ခံစားချက်တွေ
အသားမာတက်ခဲ့ရ….
 
ကြာလှပြီကွယ်
ဖြုတ်ခနဲကြွေစေဖို့
စောင့်ခဲ့ရပေါ့
သက်ရောက်မှု တစ်ခုရယ်ကိုလေ

စိတ်ကူးတွေ
စိမ်းစိုစို ကောင်းကင်ပြင်အောက်က
ပြာနှမ်းနှမ်း သစ်တောအုပ်တွေထဲ
တိတ်ဆိတ်မှုကို
လုံအောင်ခြုံထားကြပြီကွဲ့

တိမ်မျိုးစုံကိုတော့
သိမ်းဆည်းလို့ပြီးခဲ့ပြီ
အရောင်မျိုးစုံဟပ်တဲ့အချိန်ရောက်ရင်ပေါ့
ကောင်မလေးရယ်
ငါတို့ရှေ့က
ဆည်းဆာအလှက
ဘယ်နည်းနဲ့မှ
မိုးမချူပ်တော့ပါဘူးကွယ်….

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

““““““အကျလွယ်ချင်ခဲ့တဲ့
မျက်ရည်တွေ ခေါက်ခေါက်သိမ်းရတော့
ပြိုမလို ခံစားချက်တွေ
အသားမာတက်ခဲ့ရ….

ကြာလှပြီကွယ်
ဖြုတ်ခနဲကြွေစေဖို့
စောင့်ခဲ့ရပေါ့
သက်ရောက်မှု တစ်ခုရယ်ကိုလေ““““““

ဒီနေရာလေးကို အရမ်းကြိုက်တယ်

commentinfo By: lwanhlainge at Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment