Professional Authors

ငါ မျှော်မှန်းသည် သူငယ်ချင်း

သူငယ်ချင်းရေ…
ကြုံဆုံလာကြ ဒီဘဝ
ရေစက်ဆုံစဉ် တစ်ခဏ
နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း
နှစ် လ ဟောင်းက အကြောင်းမလျော်
ကွဲကြသော်မှ မတော်တဆ
ကံပစ်ချ၍ နင်က နိုင်ငံခြားရောက်
ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ
တစ်ချိန် တစ်ကွေ့
ဘ၀တစ်ကွေ့မှာ
ကံကြမ္မာ အလှည့်အပြောင်းကြောင့်
မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
လျှောက်ခဲ့ရင်လဲ
ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ
ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့်
မကြည့်လေဟု
ငါ မျှော်မှန်းသည် သူငယ်ချင်း…

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

သူငယ်ချင်းဆိုတာ
ဂုဏ်ပကာသန ဘာမှမပါဘူး။
မြင့်ခြင်းနိမ့်ခြင်း စဉ်းစားစရာမဟုတ်ဘူး။
နီးခြင်းဝေးခြင်း ကလဲ အရေးမပါဘူး
သူငယ်ချင်းပါဆိုတဲ့
သိစိတ်ကလေး
ရှိနေသေးတယ်ဆိုရင် ဘာမှမလိုဘူး၊

Comment #2

သူငယ်ချင်းဆိုတာ စိတ်တူကိုယ်တူနဲ့ တစ်ဦးအခက်အခဲတစ်ဦးကူညီပြီး အရေးကြုံရင် ရပ်တည်ပေးတဲ့သူလို့ မနောကတော့ ယူဆထားမိပါတယ်။

commentinfo By: မနောဖြူလေး at Jul 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment