Professional Authors

လျောက်လဲချက်များ

သံခွက်က
မြစ်ထဲကို လွတ်ကျဖူးတော့
ငါ့လက်ရယ် ရွှေခွက်ရယ်
ကြိုးနဲ.သာ ပူးချည်ထားချင်တော့တယ်။

ချုပ်နှောင်ဖို.ထက်
လုံခြုံဖို.ကို ဦးစားပေး ဆောက်လုပ်တဲ့
လှောင်ချိုင့်တွေလည်း ရှိသေးတာပဲ
နောက်ဆုံးသော ပျိုးပင်ကို
စည်းရိုးလေးနဲ. ကာထားချင်တာ
ငါ…………သဘာဝမကျဘူးလား။

မြတ်နိုးမှု ဆိုတဲ့ခြေကျင်းနဲ.
မင်းကိုငါ အကျဉ်းချထားချင်တယ်
ခွင့်လွှတ်လို.ရသလောက်သာ ခွင့်လွှတ်ပါတော့
ကလေးရယ်
မင်းအပေါ် ငါ……မတရားခဲ့ဘူး
ဒါပေမယ့်
ငါ့အပေါ်ငါလည်း……….မမှားခဲ့ဘူး။ ။

In: ကဗျာ Posted By: Date: Jun 28, 2010
Comment #1

ချစ်မိရင်တော့ အပြစ်တွေလည်း လုပ်ဖြစ်မှာပေါ့လေ…
အချစ်နဲ့ အပြစ်ကို ခံယူတတ်ဖို့ပဲ လိုတာပါ….

commentinfo By: မှုံရွှေရည် at Jun 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment