Professional Authors

ငါ့ဆရာမလေး

“ငါ့ဆရာမလေး”

ငါ့ဆိပ်ကမ်းကို အသင့်ပြင်ထားတယ်
နင့်သဘောင်္လေးကမ်းကပ်ပါတော့လား
ငါ့ ..ဆရာမလေး..။

နင့်တပည့်လေးတွေ စာသင်သလို
ငါ့နှလုံးသားကိုတော့ မရိုက်ပါနဲ့ကွယ်။

အိမ်စာမှန်မှန်လုပ်တောမယ့်တပည့်မိုက်ကလေးပါ
နင်ရိုက်မှာကြောက်တယ်။

ငါ့ စာမျက်နှာမှာ
မှင်နီတွေကြက်ခြေမခတ်လိုက်ပါနဲ့ ။

နင်စစ်မယ့်စာမေးပွဲမှာ
ငါ…မကျရှုံးချင်ဘူးကွယ်။

ခေါက်ရိုးကျကျောင်းဝတ်စုံလေးရယ်ပါ
နင့်တစ်ဘ၀စာဆင်မြန်းဖို့ 
ငါ့ အိပ်မက်တို့နဲ့ယက်လုပ်ထားတယ်။

ငါ့…ဆရာမလေးရေ
ငါ့ဆိပ်ကမ်းတော့အသင့်ပြင်ပြီးသွားပြီ
နင့္သေဘာၤေလးသာ
ကမ်းကပ်လိုက်ပါတော့။ ။

နိုင်ကြီး

In: ကဗျာ Posted By: Date: Jun 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment