Professional Authors

ရာဇ၀င် ..

ဒုတိယမြောက်ကဗျာမှာ
ငါ့အသည်းကွဲတယ်
ကဗျာတွေနဲ့
အသက်ဆက်ခဲ့တာ
အခုချိန်ထိ…

ငါ့ရင်ခုန်သံတွေ
ငါ့အတိတ်တွေ
ဒီကဗျာတွေထဲ
မျောဝင်တယ်
ငါ့ပစ္စုပ္ပန်တွေ
အနာဂတ်တွေ
ဆက်ရန်ရှိ ..

အချစ်လား
အပျော်လား
ရင်ခုန်သံလည်း
နားမလည်တော့
ဘ၀ဆိုတဲ့ ရေ၀ဲထဲ
လည်နေမိ…

ကျလိုက် တက်လိုက်
ငါ့စိတ်ဓာတ်လည်း
စုတ်ပြတ်လို့နေပြီ
အကြိမ်ကြိမ် အခါခါ
သုံးသပ်လည်း
မသေချာ မရေရာတာမို့ …

ဒါဟာ ဘ၀တဲ့လား
ဒီအရွယ်မို့ပဲ
မတည်ငြိမ်သေးတာလား
ဒီအခြေအနေမို့
လှုပ်ရှားနေတာလား
မေးခွန်းတွေနဲ့
အဆုံးသတ်
ငါ့ကဗျာတွေ
အလင်းငတ်ခဲ့ပြီ..

h3mlock
31st July 2009

In: ကဗျာ Posted By: Date: Jul 30, 2009  
Comment #1

ဒီကဗျာလေးကို တော်တော် ကြိုက်တယ်။ အရင်ကထက် ပို တိုးတက်လာတယ်။ ကဗျာမှာ စီးမျောမှု အားပါလာတယ်။ ကောင်းပါသည် ခင်ဗျား။

commentinfo By: ChIr0N at Jul 31, 2009
Comment #2

:* thank u ko chiron
muahhhh :* =)

commentinfo By: h3mlock at Aug 2, 2009
Comment #3

ဒါဟာ ဘ၀တဲ့လား
ဒီအရွယ်မို့ပဲ
မတည်ငြိမ်သေးတာလား
ဒီအခြေအနေမို့
လှုပ်ရှားနေတာလား
မေးခွန်းတွေနဲ့
အဆုံးသတ်
ငါ့ကဗျာတွေ
အလင်းငတ်ခဲ့ပြီ..

commentinfo By: အသဲကွဲမိုး at Jan 28, 2011
Comment #4

really nice.
🙂

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment