Professional Authors

အိမ်မက်အပုဒ်ခွဲ (ကိုး)

ဟိုတစ်စ ဒီတစ်စနဲ့ ငါလိုက်ကောက်နေတာ မပြီးသေးဘူး
အတွေးတွေ ခပ်ကြမ်းကြမ်းလေး တိုက်ခတ်လိုက်တိုင်း
ဝိယောဓိတော့ ပျံ့ကျဲသွားတယ်
တွေဝေခြင်းတွေ တစ်ချက်ဝှေ့လိုက်တိုင်း
သောကတွေကလဲ ကစဉ့်ကလျားနဲ့
စုံစည်းခါစမှာ ကြိုးပြေသွားတဲ့ သတိတွေဟာလဲ
စက္ကန့်တွေတိုင်းမှာ ရှုပ်ပွနေခဲ့တာ
ရှေ့ကို တလှမ်းတိုးလာတဲ့ ဝေဒနာက ငါ့တည်ငြိမ်မှုကို
ထိကပါး ရိကပါး ရန်စလာခဲ့တယ်
အရှုံး ဘက်က စစ်ကြေငြာခံထားရတဲ့
ငါ့ရင်ခွင်ခံတပ်ငယ်ထဲမှာလဲ
သံသယတွေက သူလျှိုခဏခဏ ၀င်လာလုပ်တယ်
အမှားတွေအများကြီးနဲ့ ပြင်လိုက်တာ
ငါလဲ အခုထိ အမှန်တရားကို မရသေးဘူး
အမုန်းတွေ အများကြီးနဲ့ စစ်ခင်းလာတာ
အချစ်တွေလဲ အခုထိမရသေးဘူး
နားလည်မှုတွေ ငတ်မွတ်ခေါင်းပါးနေကြတုန်း
ငါ့မှာ ပျော်ရွှင်မှုတွေဟာလဲ ချို့တဲ့နေခဲ့တာ
အိမ်မက်တောင် သူများဆီက နမူနာယူပြီး ငှားမက်ရတဲ့ဘဝ
……………………
နိယာမတွေ အရမ်းများတဲ့ လောကကြီးပါ
အချစ်နဲ့ ဘ၀ဟာ အချိုးတူမပေါင်းစပ်နိုင်တဲ့ အခါ
မျှော်လင့်ချက်တွေဟာလဲ ထောင့်မှန်မကျခဲ့ဘူး
အတွေးအခေါ်လေး တစ်ခု လိုက်ဖက်ထောင့်မှားမိတဲ့ ငါ့ဘဝ
အနာဂတ်ကလဲ တည်ကိန်းတွေ ပျောက်လို့
………………………………
အနိုင်အရှုံးမသတ်မှတ်ကြကြေးလို့
သူက ပြောလာရင်တောင်
သရေပွဲရလဒ်အတွက် ကျတော်က စွန့်လွှတ်ခြင်းကို
လျော်ကြေးပေးရမယ့် ကောင်လေးတစ်ယောက်ပါ
သူ့ပျော်ရွှင်မှုကို ကျတော့် ကြေကွဲမှုနဲ့
တန်ဖိုးဖြတ်ပေးရမှာပေါ့ဗျာ……………

အာ…………………………….
ဒုက္ခပဲ……
ငါ အိပ်ယာက နိုးနေတာတောင်
ဒီအိမ်မက်ကြီးက ဆက်မက်နေသေးတယ်…………

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

ဆက်လျှောက်ကြစို့ ဗျာ

commentinfo By: kathitni1980 at Jul 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment