Professional Authors

Hopeless

မျှော်လင့်ချက်တွေ ပျက်ဆီးတယ်ဆိုတာ
ဒုက္ခိတဖြစ်သွားတဲ့ လူတစ်ယောက်လိုပါပဲ
မနက်ဖြန်ဆိုတာ သူ့အဘိဓာန်ထဲမှာမရှိတော့ဘူး…

ကြွေကျသွားတဲ့ သစ်ရွက်တွေကို
လက်သည်ရှာမယ်ဆိုရင်
လေတစ်ဝှေ့ဖြစ်ကောင်းဖြစ်မယ်
မြေချခဲ့ရတဲ့ ငါ့မာနတွေကို
လက်သည်ရှာမယ်ဆိုရင်
သေချာပါတယ်
အဲ့ဒါမင်းပဲ…

အကယ်လို့…
ဝဋ်ဆိုတာ ပြန်လည်ဖို့
အဲ့ဒီလောက် မြန်မယ်မှန်းသိခဲ့ရင်
နောင်ဘ၀မှ အဲ့ဒီဝဋ်ကြွေးဆပ်ဖို့
ငါဆုတောင်းခဲ့မိမှာပါ…

အခုတော့…
နာကြင်းခြင်းဆိုတဲ့ မနက်စာ
ဥပက္ခာဆိုတဲ့ နေ့လည်စာ
နောင်တဆိုတဲ့ ညစာနဲ့
ဘ၀ဆက်ရင်းပေါ့…
ဒါပေမယ့်..

In: ကဗျာ Posted By: Date: Oct 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment