ငါ့သူငယ်ချင်း
ခပ်ပြတ်ပြတ်စကားလုံးတွေနဲ့
ခပ်မာမာအမှန်တရားတွေကိုသာ
ပြောလေ့ရှိတဲ့ ငါ့သူငယ်ချင်းမလေးရေ…….
…..
နင်မွေးတဲ့လက
နင့်ရဲ့ ထိပ်ဆုံးစာလုံးလေး ………
စကားတွေ ဝေနေအောင်
မပြောတတ်ပေမယ့်
နင့်စကားလုံးတွေက
ရင်ဘက်ကိုထိတယ်……….
နှင်းပွင့်လေး တစ်ပွင့်လောကတော့
နင့်သဏ္ဍန်က မအေးချမ်းပေမယ့်
မပူလောင်ပါဘူး………
အလိုလိုက်အကြိုက်ဆောင်တတ်တဲ့
လူ့သဘာဝ နင်မှာမရှိတာတော့
သေချာတယ်
လူတော်တော်များများနဲ့
အတွေးမတူလို့
ခပ်ထူထူလေးပဲလို့
ငါတို့က နင့်ကို စ ပြီး
လေဆာ ဆိုတဲ့နာမည်
နင့်အတွက်ဖြစ်ခဲ့တယ်
င့ါသူငယ်ချင်းမလေးက
မှန်တယ် ထင်ရင်ခေါင်းမော့
ခပ်ကြော့ကြော့နေတတ်သူပေါ့
“သူများအကြောင်းမပြောနဲ့
ကိုယ့်အကြောင်းတောင် ကိုယ်မသိဘူး”
နင်ပြောခဲ့တဲ့စကား
အခုကျမှ မှန်မှန်းသိခဲ့ရတာပါလား
အော်………….ဘာလိုလိုနဲ့
နင်နဲ့ငါ ပြောမနာဆိုမနာ
လည်ပင်းဖက်ပေါင်း
ရန်ဖြစ်လာတာ
၁၇ နှစ်တောင် ရှိပါပေါ့လား………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူငယ်ချင်းကောင်းပဲနော်