Professional Authors

အဖြည့်ခံ

လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူအပေါင်းက
တပ်မက်ကြ၏
ပန်းအလှလေးမို့
တချို့ကလည်း
ဘုရားလှူဖို့
တချို့ကျပြန်
ခေါင်းထက်ပန်ဆင်
လှချင်သမို့
သူတို့ဆန္ဒပြည့်ဝဖို့ကို
အို…. ပန်းပွင့်လေး
ဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး
ခဏတာမှာ
သူတကာအတွက်
ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်….အဖြည့်ခံ ပန်းဘ၀လေးပါတကား….

In: ကဗျာ Posted By: Date: Jun 23, 2010
Comment #1

လောကသဘာဝအတိုင်းဖြစ်ကြ၇တာပဲလို့ထင်တယ်
ငါ့ ကို Commentေ၇းပေးတဲ့အတွက်Thanks for your kindness

commentinfo By: meec at Jun 23, 2010
Comment #2

သြော် ရပါတယ်ရှင်။ ခံစားမိရင် ရေးမိပါတယ်။

commentinfo By: မနောဖြူလေး at Jun 23, 2010
Comment #3

မင်းကနာမည်နဲ့အ၇မ်းလိုက်တာပဲလို့ထင်မိပါတယ်
လာလည်ချင်၇င်ဖိတ်ခေါ်ပါတယ်
တို့နာမည်ဥမ္မာသန်းထွန်းပါ
gmail account က ohnm.htun
စကားတွေအများကြီးပြောဖြစ်မယ်လို့မျှော်လင့်ပါတယ်

commentinfo By: meec at Jun 23, 2010
Comment #4

ဟုတ်ကဲ့ပါရှင်။ မနောလည်း ခင်မင်ပါတယ်နော်။ ခင်မင်မှုဆိုတာ လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါနော်။

commentinfo By: မနောဖြူလေး at Jun 23, 2010
Comment #5

window myanmar translator ကိုဘယ်လိုအသုံးချ၇မလဲပြောပေးပါလားဟင်

commentinfo By: ohnma at Jun 23, 2010
Comment #6

window myanmar translator ပုံကို တွေ့လား။ အဲဒါကို ကလစ်နှိပ်လိုက်ရင် သေချာစုံလင်စွာ တွေ့ရလိမ့်မယ်နော်။

commentinfo By: မနောဖြူလေး at Jun 23, 2010
Comment #7

ဘာပဲပြောပြောဗျာ
အစ်မမနောဖြူလေးကို ခင်ချင်တယ်ဆိုတဲ့ လူကော
ကျေးဇူးတင်တယ်ဆိုတဲ့လူကော ရယ်ချင်တယ်ဗျ

တွေ့ ရင်တစ်ခုမှမလုပ်ချင်ဘူးဖြစ်သွားမယ်
အစ်မတစ်ယောက်လိုခင်မိသွားလိမ့်မယ် ဟဲ ကိုယ်တွေ့ နော်
ကိုယ်တွေ့ 
အော်ဆူးလေ လမ်းမကြီး ကမော်တော်ပီကယ်မကိုလွမ်းတယ်ကွာ

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

Comment #8

ကြိုက်တယ် ကဗျာလေးကောင်းလို့ ယူသွားတယ် ယူခွင့်ပြုပါနော်

commentinfo By: su lay nge at Jun 23, 2010
Comment #9

ညီမလေး ကားကော ဆန့်ရဲ့လား 😛

commentinfo By: မနောဖြူလေး at Jun 23, 2010
Comment #10

အမကဗျာလေးက ကဗျာဆန်ဆန် လက်တွေ့ဖြစ်ပျက်မူလေးပါ။ ကောင်းတယ်အမ။
နောက်များမှာလဲ ဆက်ရေးပေးပါအုန်းဗျ။ 🙂

commentinfo By: လောက at Jun 23, 2010
Comment #11

တစ်ချို့သောပန်းများ
နွမ်းခြောက်သွားတောင်
ယနံ့မပျောက် မေ့ဖျောက်မရ
ရင်ထဲစူးရှမွှေးမြဆဲပါနော်။
အဲဒါဘာပန်းလဲသိချင်လား မုန့်ဝယ်ကြွေးမယ်ဆိုရင်တိုးတိုးလေးပြောပြမယ်။
အလကားကြေးဆိုရင်တော့ပြောမပြဘူးဗျို့။

Leave Comments

Name*

Email*
Website
Email me whenever there is new comment