Professional Authors

အမေ့အိမ်

အမေ့ရင်ကို
ကွဲစင်စေရန်၊ ခြေစုံကန်၍
တစ်ယူသန်စိတ်၊ ဒေါသရိပ်နှင့်
ဖိတ်စင်ကွဲပေါက်၊ အမှားနောက်သို့
ကောက်ကောက်ပါအောင် လိုက်ခဲ့လည်း…

အမေ့အသည်းကို
ရဲရဲမီးကင်၊ ဖြတ်တောက်ငင်၍
အဆင်ခြင်မဲ့၊ တရားပဲ့သော
ချိုးဖဲ့ကြမ်းတမ်း၊ အမှောင်လမ်းသို့
ဆင်ကန်းတောတိုး သွားခဲ့လည်း…

အမေ့မှာမူ
အပူဖိစီး၊ သားသမီးတွက်
ညကြီးငိုရှိုက်၊ နေ့၍လွမ်းပို
ရင့်အိုခြောက်ခန်း၊ ပင်ပန်းစိုးထိတ်
စားအိပ်မမှန်၊ သံယောဇဉ်ကြိုး
လှုပ်ခတ်နှိုး၍၊ ချစ်ပိုးနှိပ်စက်
စိတ်လက်မလန်း၊ မျှော်ရည်မှန်းသည်
အမိုက်လမ်းမှ သားလာစေ…

ပြန်လာခဲ့ပါ
ချိန်ခါမရွေး၊ နွေးထွေးချိုမြ
အပြုံးလှဖြင့်၊ အိမ်မှတံခါး
သော့ဖွင့်ထားတယ်၊ အမှားခွင့်လွှတ်
နှင်းစွတ်ချိုမြ၊ မိဘမေတ္တာ
နားလည်လာချိန်၊ အမေ့အိမ်သည်
ဝင်းထိန်ပလင်း၊ အမှောင်ရှင်းသည်
လမင်းတစ်ခု ဖြစ်လိမ့်မည်…

In: ကဗျာ Posted By: Date: Jan 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment