Professional Authors

ယောက်ျားတို.သစ္စာ

ငါမချုပ်နှောင်ခဲ့ပါဘူး
လွတ်သွားမှာစိုးလွန်းလို.
မြဲမြဲကိုင်ထားခဲ့တာပါ
ငါမချုပ်ချယ်ခဲ့ပါဘူး
အနားမှာရှိစေချင်လွန်းလို.
စည်းရိုးလေးခတ်ထားခဲ့တာပါ။

ငါတို.စိုးရိမ်စိတ်တွေကို
မြင်အောင်ကြည့်ဘူးပါသလား
နင့်ဝမ်းနည်းမျက်ရည်တွေက
ငါ့အချစ်ကိုမမြင်နိုင်အောင်ဖုံးကွယ်ခဲ့ပီလား။

ယောက်ျားတွေမှာလည်း
ဝမ်းနည်းကြေကွဲစိတ်မရှိဘူးလို.
ထင်နေတာလား။

ဖွင့်ဟခွင့်မရှိသော နာကျင်စိတ်များစွာ
ဒေါသအဖြစ်ပေါက်ကွဲလာခဲ့ရင်
နင်ခွင့်လွှတ်မှာလား။

မိန်းကလေးဆိုတာက
နာကျင်မှုကို
မျက်ရည်အဖြစ်ဖွင့်ထုတ်ခွင့်ရှိပါတယ်
ယောက်ျားတွေကတော့
ကိုယ့်မာနနဲ.ကိုအကျဉ်းကျရင်း
ဝါးတစ်ပင်လို
အပြင်ကမာကျောပီး
အတွင်းကလစ်ဟာခဲ့ရတယ်။

ချစ်သူ.နဖူးလေးတင်ငိုဖို.
ငါ့ပခုံးတွေသန်မာသေးရဲ့လား
ချစ်သူ.လက်ကိုဆွဲယူဖို.
ငါ့လက်ဖ၀ါးတွေမြဲမြံသေးရဲ.လား
ငါလည်းမသိတော့ပါဘူးကွယ်။

ချစ်သူရယ်
နင့်ကိုနားလည်ဖို.ကြိုးစားရတာ
ငါ့မှာမောလှပါပြီ
ငါ့ကိုနားမလည်လည်းရှိပါစေတော့လို.
ငါပြောမထွက်ပါဘူး။

ငါဘာမှမပြောတော့ပါဘူး
တံခါးလေးဖွင့်ထားလိုက်ပါတယ်
ဝင်ချင်ဝင်ထွက်ချင်ထွက်ပါ
ငါဒီနေရာမှာရှိနေပါတယ်
တခုတော့ရှိတယ်
ငါ့ဆီမှာ
မင်းမျှော်လင့်တာတွေရှိနေမယ်လို.တော့
ငါအာမမခံနိုင်ဘူးချစ်သူ။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

နင့်ဆီမှာ ရှိတာတွေပဲ ငါပိုင်ဆိုင်ချင်တာပါ

commentinfo By: နောင်လေး at Jun 22, 2010
Comment #2

i like this poem.Because,your dreams and my dreams are some to you:…

commentinfo By: maythoutkyar at Jun 22, 2010
Comment #3

ကောင်းတယ်ဗျာ….ခိုက်တယ်

commentinfo By: anatyong at Jun 22, 2010
Comment #4

အစ်ကို …
ကျွန်တော် f/b မှာ share တင်ချင်လို့ပါ….

commentinfo By: Shane Khant at Jun 22, 2010
Comment #5

အကိုမော်နီ့ကဗျာတွေကတော့အနှစ်တွေချည်းပဲ..။။။

commentinfo By: အမရာ at Jun 22, 2010
Comment #6

မဆိုးပါဘူး

commentinfo By: moelay at Jun 22, 2010
Comment #7

ကိုမော်နီ
မိုက်တယ်ဗျာ.. ကြိုက်တယ်

commentinfo By: LoRdiE at Jun 23, 2010
Comment #8

ကျွန်တော့်ကဗျာတွေကိုကြိုက်တဲ့နေရာမှာယူသုံးပါ
ဒါပေမယ့် မူရင်ရေးသူနာမည်တော့မပျောက်စေချင်ပါဘူး
တင်တဲ့နေရာမှာခရက်ဒစ်လေးပေးပေးပါလို.တောင်းပန်ပါတယ်
ဖြစ်နိုင်ရင်လင့်လေးပါပေးပေးပါ
လာကြည့်ချင်လို.ပါ

commentinfo By: mawni at Jun 27, 2010
Comment #9

ဘယ်နေရာမှမသုံးပါဘူး
ကဗျာတွေကြိုက်လို.၀င်ဖတ်တာပါ

commentinfo By: moe at Jun 27, 2010
Comment #10

ဘယ်မှာမှမသုံးပါဘူး
ကြိုက်လို.၀င်ဖတ်တာပါ

commentinfo By: moe at Jun 27, 2010
Comment #11

ကဲ ကိုမော်နီရေ သူပြောတာ ရှင်းသွားတာပဲ။ သူ့အိမ်မှာ အလှသိမ်းထားချင်တာဖြစ်မှာပေါ့ရှင်။

commentinfo By: မနောဖြူလေး at Jun 27, 2010
Comment #12

ဘုရား
အပေါ်က Shane Khant ကိုပြောတာပါ

commentinfo By: mawni at Jun 27, 2010
Comment #13

အချွန်နဲ.မ မ ပါနဲ.ဗျ

commentinfo By: mawni at Jun 27, 2010
Comment #14

ကိုမော်နီရေ…
မြဲမြဲကိုင်ထားမိတဲ့လက် တင်းကျပ်လွန်းလို့များ…
စည်းရိုးခတ်ထားတဲ့ ဝါး..ကျဲလွန်းခဲ့လို့များလားရှင်…..

ကြိုက်မိတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ…

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #15

don’t u have any gurantee for ur beloved person?

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment