Professional Authors

တသသ . . . သူ

တသသ . . . သူ

 

တမြည့်မြည့်ကျွမ်း၊

တနွမ်းနွမ်းခွေ အလွမ်းတွေနဲ့

တစ်လေတစ်ည အိပ်မရခဲ့

တမ်းတစိတ်က သူ့ကိုပဲ . . .။

 

တစ်ရံတစ်ခါ သူ့ရုပ်လွှာကို

တမာတန်းမှ တသသတွေး

တရေးရေးမြင် ဟိုးအရင်က

တစ်ပင်တည်းသော နွယ်တစ်စ . . . ။

 

တစ်ယောက်တည်းကျန် အလွမ်းဒဏ်နဲ့

တစ်ဖန်ထပ်ကာ ကျန်ပါရစ်စေ

တသွေမတိမ်း ချစ်နေမယ် . . . ။   ။

In: ကဗျာ Posted By: Date: Jun 21, 2010
Comment #1

ကောင်းလိုက်တဲ့ အရေးအသားပါလားဗျ ။

commentinfo By: Lazy Poet at Jun 21, 2010
Comment #2

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment