Professional Authors

နင့်အနားမှာ

ငါသိတာတော့  
နင့်အနားနားက အချိန်တွေကို တွေး
ပြန်လွမ်းမိတိုင်း …
လေနှင်ရာသို့
လွင့်ပါးရတဲ့ တိမ်တွေကို ငေး
ခပ်လေးလေး သက်ပြင်းအချို့ချ
ညမှ ငိုမယ်‌လေ။

ဆုပ်ထားတဲ့ လက်ကိုဖယ်ဖို့
ဘယ်တုန်းကပဲ တွေးခဲ့တွေးခဲ့
အတွေးနဲ့တင် သေခဲ့ပြီမို့
သေတဲ့အထိတောင် သတ်စရာမလို
ငါ .. သေပါတယ်။

ခက်တာက ..
အမှတ်သညာမရှိတဲ့ သတ္တဝါမို့
ပြဿနာကို ပြဿနာလို့ မထင်
အရင်လို အခါခါ သေချင်နေတုန်းမို့
‌နင့်ဘေးမှာ နေပြီး
ငါ့ကို သေခွင့် ပေးသနားပါ။

In: ကဗျာ Posted By: Date: Jan 7, 2020

Leave Comments

Name*

Email*
Website
Email me whenever there is new comment