Professional Authors

–အရေးအသား–

စိတ်တွေတအားပူကျစ်နေတယ်
ကုလို့မရတဲ့ အဖျားမှာ
သူ့မျက်လုံးလေးတွေက သိပ်လှတာပဲ
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတယ်
နေ၀င်ချိန်လက်ကွက်နဲ့ သီချင်းရယ်
ကျွန်တော်ရလိုက်တဲ့ ဆည်းဆာရိပ် ညနေရယ်
ကောင်းကင်မှာနတ်ပြည်ဆိုတာမရှိဘူးထင်ပါ့
သူ့ဆီမှာတော့ အကုန်လုံးကိုရတယ်
အစွဲအလမ်းက ၀ါကျင်နေတဲ့ အလင်းလေးတစ်စက်
အခန်းထဲမှာ ဆွေးပြာနေတယ်
ဘယ်ဆေးသောက်သောက်
မပျောက်တဲ့ အိပ်မက်ဆိုးဟာ ကျွန်တော်ပဲ
သူကတော့
နေရောင်ခြည်လို ကျယ်ပြန်လို့
ဒီလိုနဲ့ ထွက်ခွာသွားတာ
ဘယ်တော့မှ ပြန်ရောက်မလာခဲ့
ကျွန်တော်က
တိတ်ဆိတ်တဲ့ သစ်ရွက်ကလေးလို
နီမြန်းဆွေးမြလို့
အရင်ဘ၀က ဒုက္ခိတပန်းချီဆရာ
သေရာကပြန်ရှင်မလာခဲ့…။

In: ကဗျာ Posted By: Date: May 14, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment