Professional Authors

တစ်ယောက် တစ်လမ်း

စိတ် …
ပြုတ်ကျလွယ်တယ်
အသံမမြည်ဘူး
ဘ၀တစ်ခုလုံး မိုးစိုခဲ့သူမှာ
ရှိုက်သံမထွက်တဲ့ အိပ်မက်ကလေးကိုသာ
မလွမ်းတတ်တဲ့ စံပယ်တွေလို ပွင့်ဖို့
‘လ’ ကလေးရေ
ဒီကောင်းကင်ဟာ ပို၍မမှောင်နိုင်တော့
လူတွေကိုကြောက်တယ်
ရုန်းကန်ရမှာကိုကြောက်တယ်
ရေညှစ်ခံရတဲ့ အ၀တ်စလေးလို
တွန့်လိမ်နေမှာလည်းကြောက်တယ်
အချစ်ရယ်
မင်းဆီသို့ လိပ်မူပြီး
သတိမရတော့တဲ့အကြောင်းတွေ ရေးပို့လိုက်ပါတယ် …။
       

In: ကဗျာ Posted By: Date: Jan 23, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment