Professional Authors

သဲသီရိ

စံပယ်ပွင့်တွေ ဖြန့်ကြဲထားတဲ့ မြေသားအဝါမှာ
အမုန်းတွေနဲ့ နက်ပြာ ပြာသူ ညကလေးရေ
ငါ့မှာ မင်းစရိုက်လေးကိုလည်း ချစ်နေရ
ငါ့မီးခိုးငွေ့တွေကို တစ်ပွင့်ပြီးတစ်ပွင့် ပန်ပြီး
အခုတော့ ငါ့ကို စက်ဆုပ်သတဲ့
အိပ်မက်တွေ ဆောင်းမဝင်သေးခင်
ငါ့ကိုယ်ငါ နှင်းတွေလို သည်းတော့
ရထားသံလမ်းပေါ်က
အညွန့်တလူလူဖြာကျနေတဲ့ မီးရောင်တွေလည်း
စိတ်ပျက်သွားကြတယ်
အချစ်ရယ်
မင်းက အိမ်ကိုပြန်တဲ့လမ်းဖြစ်ပြီး
ငါက မဖွံ့ဖြိုးသေးတဲ့ ကျည်ဆန်တွေလေ
လယ်ကွင်းထဲမှာ ညွတ်ကျနေတာ
ငါ့ဆီရောက်လာတဲ့ နောင်တ တွေပေါ့
အချိန်လွန်မှ ကွေ့ကောက်ချင်နေတဲ့ လမ်းငယ်လေးလို
ငါမှားခဲ့တာ ငါဝန်ခံပါတယ် သဲသီရိ

In: ကဗျာ Posted By: Date: Dec 28, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment