Professional Authors

စဉ်းစားချိန်တန်ပြီ

အဖြစ်သနစ်က
ရေပိတ်ကားကိုသုံးတဲ့
ငတုံးပန်းချီဆရာလိုမျိုး
အားထုတ်သမျှဟာ
ရေစုန်မှာမျော
မောလဲ မတတ်နိုင်ဘူးလေ …
တိုးတဲ့ခြေလှမ်းနဲ့ 
ဒုံးပျံပေါ်ကပန်းတိုင်
အင်အားချင်းမမျှတဲ့အခါ
ပြေးတမ်းလိုက်တမ်း ကစားနည်းကို
ငါမုန်းလာတယ် …
အကျိုးမရှိဘဲ
ကြွေလွင့်သွားတဲ့အချိန်တွေက
သနားတဲ့စိတ်နဲ့ 
ငါ့ကိုကြည့်ရင်
လိပ်ပြာရှက်ပြီး
အမောကိုဆို့ လို့ 
ပင်ပန်းကြီးစွာ
ရုန်းကန်လှုပ်ရှားခဲ့သမျှ
အနာဂတ်မရေရာတဲ့အခါ
သေချာစွာ
စုဆောင်းနေမိတာတွေက
ရောဂါတွေများလား ?
စိတ်ဓါတ်ရော အင်အားပါ
ဆုတ်ကပ်အဆိုက်မှာ
တွေးမိတယ် …
ဝါသနာလေးတစ်ခုထဲအတွက်နဲ့ များ
တကယ်တန်ရော တန်ရဲ့လားလို့ …
.
#အသဲကျော်

In: ကဗျာ Posted By: Date: Jul 26, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment