Professional Authors

ရောင်နီဆီရောက်ဖို့ ညအမှောင်ကို ဖြတ်သန်းရတယ်

ကဲ လောကဓံ 
လာခဲ့စမ်းပါ …
ခင်ဗျားနဲ့ ကျွန်တော်နဲ့ပြိုင်တဲ့ပွဲ
ပ၀ါမကူရေမရှုစတမ်းပေါ့ …
.
လဲကျတိုင်း ပြန်ထဖို့ 
မကြောက်တဲ့ ကျွန်တော် …
ခင်ဗျားကို အနိုင်နဲ့ပိုင်းဖို့
ယုံကြည်ချက်ရှိတယ် …
.
ရက်စွဲတိုင်းဟာ တစ်သက်မှာ
တစ်ခါသာပိုင်ဆိုင်ခွင့်ရရဲ့
အကောင်းဆုံးလုပ်ရင် 
နောင်တဆိုတဲ့ ဆေးခါး
သောက်ဖို့အကြောင်းဝေးမှာပဲ ..
.
ညအမှောင်တွေကုန်ဆုံးလို့
ဘ၀ရဲ့ရောင်နီသန်းတဲ့အခါ
ကြမ်းတမ်းစွာ ထွန်ယက်ခဲ့တဲ့ 
ကျွန်တော့ ဘ၀လမ်းမှာ
အောင်မြင်မှု ပန်းတွေ ဝေဆာနေတာ
ခင်ဗျားတွေ့ရလိမ့်မယ် !
.
# အသဲကျော် #

In: ကဗျာ Posted By: Date: Jul 4, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment