Professional Authors

နွေခေါင်ခေါင်မှာရွာတဲ့ မိုး

နွေလိုလူမို့
ပက်ကြားအက်ရင်ဘတ်မှာ 
ဘယ်ပန်းလာပွင့်ပါ့မလဲ
အသည်းရိုင်းပါကွယ် … 
ဒါပေမယ့် 
ချစ်တတ်ပါတယ် …
ဟောဒီ အပူကောင်
အပူတွေငြိမ်းအောင်
သွန်းဖြန်းပေးမယ့်
မိုးရေစက်လေးကို
မျှော်လင့်မိလေရဲ့ …
မိမိုးရေ …
ပက်ကြားအက်နှလုံးသားက 
နွေခေါင်ခေါင်မှန်းသိပေမယ့်
မရွာတဲ့ မိုးကို 
မျှော်နေဆဲပါကွယ် …
.
#အသဲကျော်#
In: ကဗျာ Posted By: Date: Jun 27, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment