Professional Authors

ကဝေပျိုလေး အတွက် လက်ဆောင်မွန်

မျက်လွှာတစ်ချက်အပင့်မှာတင်
အသဲတစ်ဆုပ်ကြွေကျတယ် …
.
သွေးကြောတွေအေးခဲသွား …
ပြုစားချက်က ကြမ်းလှပါလား …
.
နှုတ်ခမ်းလေးအတွန့်မှာ
အသက်ရှုဖို့တောင် မေ့သွားတယ် …
.
မပြုံးပြလိုက်ပါနဲ့ …
ရူးခါသွားမှာစိုးလို့ …
.
မင်းပါးမို့မှာ နှင်းဆီတစ်ခင်း
(ဘယ်သူဘယ်ဝါမှန်းမသိသေးပေမယ့်)
ဆွတ်မဲ့သူကို သတ်ချင်တယ် …
.
နှင်းဆီမွှေးရနံ့ နမ်းရှိုက်ခွင့်မရသေးခင် …
မြင်ရုံမှာတင် ဘိန်းလိုစွဲလို့ …
ကိုယ်ပိုင်ဖြစ်ရင် ကောင်းမှာပဲ …
.
ဆံနွယ်ပျော့ပျော့ လေအနှော့မှာ
ယိမ်းလိုက်တဲ့ အခါ …
.
အဲဒီဆံနွယ်အဖျား ငါ့နှလုံးသားငြိပါသွားလေရဲ့ …
ပြန်ပေးဖို့ မတောင်းဆိုတော့ပါဘူး …
လက်ခံသူမသိတဲ့ လက်ဆောင်မွန်ပေါ့ကွယ် ..
.
(အသဲကျော်)

In: ကဗျာ Posted By: Date: Jun 15, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment