Professional Authors

သူပုန်

ဘယ်အကောင်မှအလကားမတော်လှန်ဘူး
သိလို့ မြင်လို့ ယုံလို့ တော်လှန်တယ်
ငါဟာသူပုန်။
ဘယ်အကောင်မှအလကားမတော်လှန်ဘူး
ခါးလို့ မှားလို့ မတရားလို့ တော်လှန်တာ
ငါဟာသူပုန်။
လူဆိုတာ လူစိတ်ရှိမှ 
လူဆိုတာလူလိုသိမှ
လူ့အကျင့် လူ့စရိုက် လူ့ဂုဏ်သိက္ခာ
လူ့ဥာဏ်ပညာ
လူဟာလူပီသရဖို့
လူဖြစ်ခွင့်ရဖို့
လူဖြစ်လို့တော်လှန်တယ်
ဘယ်တရိစ္ဆာန်မှ လူ့အခွင့်အရေးမတောင်းဆိုဘူး
ငါဟာသူပုန်။
သူပုန်ဟာအစိုးရမလုပ်ဘူး
သူပုန်ဟာအရင်းရှင်မလုပ်ဘူး
သူပုန်ဟာဘယ်သူ့ကိုမှအမြတ်မထုတ်ဘူး
သူပုန်ဟာတော်လှန်တယ်
သူပုန်ဟာကာကွယ်တယ်
ငါဟာသူပုန်။
သူပုန်ဟာပစ္စည်းမဲ့လူတန်းစားတွေကိုသူပုန်မထဘူး
သူပုန်ဟာဂုတ်သွေးစုပ်တဲ့သူတွေကို
ရက်စက်ဖို့ဘယ်တော့မှဝန်မလေးဘူး
သူပုန်ကဝမ်းနည်းရင်ငိုချင်မှငိုမယ်
သူပုန်ကဝမ်းသာရင်ရယ်ချင်မှရယ်မယ်
ဒါပေမယ့်
သူပုန်ကသူပုန်အလုပ်ကိုလုပ်တယ်
ငါဟာသူပုန်။
သူပုန်ဟာစာနာစိတ်နဲ့မွေးဖွားတယ်
မေတ္တာတရားကြောင့်တော်လှန်တယ်
တော်လှန်ရေးဟာရက်စက်ရင်ရက်စက်မယ်
တော်လှန်ရေးဟာကြမ်းတမ်းရင်ကြမ်းတမ်းမယ်
သူပုန်ကသူပုန်အလုပ်ကိုလုပ်တယ်
ငါဟာသူပုန်။
သူပုန်ဟာ
ဘူဇွာကြီးဆီကထမင်းတလုပ်တောင်းမစားဘူး
အစိုးရဆီကရာထူးတခုတောင်းမယူဘူး
သူပုန်ဟာသူပုန်အလုပ်ကိုလုပ်တယ်
ငါဟာသူပုန်။
သူပုန်ကိုကလေးတွေကချစ်တယ်
သူပုန်ကိုပစ္စည်းမဲ့လူတန်းစားတွေကချစ်တယ်
သူပုန်ကိုအမှန်တရားမြတ်နိုးသူတွေပဲချစ်တယ်
သူပုန်ဟာ သူခိုးမဟုတ်ဘူး
သူပုန်ဟာဓါးပြ မဟုတ်ဘူး
သူပုန်ဟာသူပုန်ဂုဏ်သိက္ခာကိုတန်ဖိုးထားသမျှ
သူပုန် ဟာ သူပုန်ဖြစ်တယ်
ငါဟာ သူပုန်။
                      ဝေယံအောင်
                     ၁၂.၆.၂၀၁၆
”မတရားမှုဟာဥပဒေဖြစ်လာတဲ့အခါ
  တော်လှန်ရေးဟာတာဝန်ဖြစ်လာတယ်”
In: ကဗျာ Posted By: Date: Jun 13, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment