Professional Authors

ပေးဆပ်ရုံသက်သက်

ဝေး … ဝေး … ဝေးသွားတယ် …

နင့်ကျောပြင်လေးငါငေးကြည့်ရင်း …

ဆွေး … ဆွေး … ဆွေးသွားတယ် …

မျက်ရည်မကျအောင် အံကြိတ်ထားရင်း …

ထွေး … ထွေး … ထွေးပွေ့မယ်

အလွမ်းတစ်ပုံတစ်ပင် ရင်ဝယ်ပိုက်ရင်း …

ကောင်လေးရယ် …  

နှလုံးသွေးနဲ့ ပျိုးခဲ့ပေမယ့်

ပုလဲဆိုတဲ့ အမျိုး 

ကမုတ်ကောင်အတွက်မှမဟုတ်ခဲ့ပဲ …

သွားပါ … 

ထိုက်တန်တဲ့နေရာဆီ

မိန်းမချောလေး လည်တိုင်ကျော့မှာ 

ဝင့်ကြွားစွာတင့်တယ်နိုင်ဖို့

ငါ့ရင်ကို ခွဲသွား …

မော်မော်ကြွားကြွား လူပုံအလည်မှာ ၀ံ့ထည်ခဲ့ပါ …

ငါဆိုတာ မင်းအတွက် ပေးဆပ်ရုံသက်သက် … 

(အသဲကျော်)

In: ကဗျာ Posted By: Date: Jun 10, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment