Professional Authors

…………………

ဘ၀က သိပ်ရယ်ရတယ်
နာကျင်တဲ့ ပြက်လုံးတွေလို့
ငါ့ကိုယ်ငါ ရယ်မောပြီး
အကုန်လုံးဟာ ရောထွေးဆက်စပ်နေတယ်
မြင်မြင်သမျှဟာ ကျိုးပဲ့နေတာပဲ
ငါစိတ်တွေမတရားရှုပ်လာရင် အရေခွံတွေ
သွေးသားယားယံတာတွေက
အပေါ်ယံကုတ်ခြစ်ဖြေဖျောက်လို့ မရတဲ့နံရံ၊ မိုင်ပေါင်းများစွာကို
ငါမင်းဆီ လာခဲ့မှာပါကွာ ဆိုပြီး
suicide လုပ်သွားတဲ့ ကမ္ဘာတွေဟာ
တစ်ယောက်ကိုတစ်ယောက်
ပျင်းပျင်းရိရိ လိင်ဆက်ဆံလိုက်ကြတယ်
ဒုက္ခဟာ ငါ့ကို ပျော်ရွှင်ရတော့တာပဲ
မင်းမရှိလည်း ငါ့မှာ ကဗျာတွေ၊ တိမ်တွေ
ထိုးကျပျက်စီးသွားရတဲ့ အတောင်ပံတွေက
မမကို ပူနွေးတဲ့ နှုတ်ခမ်းတွေလို
ဝေးသွားတဲ့
မိုးရာသီဟာ ခေါင်ခိုက်နေတာပဲ ဒုက္ခလို
ဘ၀ကို
မင်းဆီမှာ ဖျက်စီးရတာပဲ
မင်းက ရောက်တာနဲ့ နွေးထွေးပြီး
မင်း မျက်လုံးတွေမှာ ငါ့ကိုယ်ငါ ပျက်စီးတော့တာပဲ

In: ကဗျာ Posted By: Date: Jun 8, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment