Professional Authors

နွေမင်းသမီးနဲ့ အိပ်မက်မျက်ရည်

ဓါတ်လိုက်နေတဲ့
မသေမရှင်မီးသီးလေးလိုပေါ့
အိပ်မက်နောက်ခံဆက်တင်မှာ
ရွှေရောင်တစ်ဖိတ်ဖိတ်လက်နေတဲ့
မင်းသမီးလေးက ခပ်ရေးရေး

အဲဒီမှာတင် တစ်ရေးနိုးပြီး
မင်းသမီးကိုလွမ်းတဲ့စိတ်နဲ့
ကျွမ်းသွားတဲ့အသည်း သွေးစစ်ကြည့်တော့
ငါးပွက်ရာငါးစာချမိသလိုမျိုး
စိတ်ကုန်စရာ ရင်ခုန်သံအကြင်နာတွေဟာ
စေးစေးထန်းထန်းမဟုတ်ပဲ
အရည်ကျဲလွန်းတော့
ပါးပြင်ပေါ်မှာ ကြွေလို့ပိုလွယ်တာပေါ့
မျက်ရည် .. .။

In: ကဗျာ Posted By: Date: May 1, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment