Professional Authors

ပန်း

နွေရင်ဘတ်ကနေ

ပျံတက်လာတဲ့တံလျှပ်လို

အချစ်ဆိုတာက

ခနာကိုယ်ကနေပြတ်ထွက်လာတဲ့

ပွက်ပွက်ဆူနေတဲ့

စိတ်အငွေ့ပဲ

 

တဖိတ်ဖိတ်လက်နေတဲ့

ဝီစကီခွက်ထဲ မြုံနေတဲ့အချိုလိုမျိုး

အယောင်ဆောင်မာယာကို

စွဲစွဲလန်းလန်း အယူသည်းမှုဟာ

ကောင်းတာလား

ဆိုးတာလား

 

ဝိညာဉ်

ချဉ်ခြင်းတတ်ခြင်းတွေ

ရင်ပြည့်ရင်ကယ်ဖြစ်တာကို

တစ်ခန်းတစ်နားကြီး

အလကားရတဲ့စိတ်ကူးနဲ့

ရူးပြီးရင်းရူးနေတာက

တွင်းဆုံးအထိဆင်းမိတဲ့

အနက်ဆုံးငရဲ

 

ဘယ်လိုဘယ်ပုံ နာကျင်ခဲ့သလဲ

တစ်ဖက်ထဲဆိုရင်

ဖိနပ်တောင်အသုံးမ၀င်တော့

အကြင်နာရင်ခုန်သံတွေဟာ

တစ်စစီပြန့်ကြဲပြီး

အနီရောင်ရဲရှတဲ့ နှလုံးသွေးနဲ့ဆမ်းမှ

ပွင့်လန်းမဲ့အချစ်ပန်းဟာ

စိတရောင်ရွှန်းလဲ့တောက်ပအောင်

မိစာပူးဝင်နေခဲ့ .. .။

 

In: ကဗျာ Posted By: Date: Apr 8, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment