Professional Authors

ပိတောက်ပန်းဝါ၀ါတွေနဲ့ … . ပွင့်တဲ့နွေအိပ်မက်

ဆုတ်ခွာသွားတဲ့
မှုံပြပြမနက်ခင်းထဲက
ဖြူလွှလွှမြူ နှင်းတွေ
နောက်ဆက်တွဲ
အလင်းနဲ့ပွင့်တဲ့
နွေအိပ်မက်လမ်းဟာ
မနှစ်ကလိုပဲ
ပိတောက်ပန်းဝါ၀ါတွေနဲ့
လင်းလက်နေ

အာရုံတက်မှာ
အိပ်မှုံစုံမွှား
ပေကလပ်ပေကလပ်
နွေမျက်နှာကို
ဘောင်ဘင်ခတ်နေတဲ့
နှစ်ကူးရနံ့တွေ
ပက်ဖျန်းလိုက်တော့
စိတ်ဟာ ပိတောက်ဖူးလို
နွေဦးက
ပွင့်ထွက်မတတ်ပေါ့ .. .။

In: ကဗျာ Posted By: Date: Mar 23, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment