Professional Authors

သတိရခြင်းအကြောင်းတွေ (၅)

ငါ့အိပ်မက်တွေထဲ မင်းဝင်ပုန်းမယ်အထင်နဲ့
ကြိတ်ပြီး ရူးကြည့်လိုက်တဲ့အခါ
အိပ်မရတဲ့ ညတွေများလာတာပဲ
အဖတ်တင်ပါတယ် ဟန်နီ ..
ငါ့ အခန်း မျက်နှာကျက်က
ကြယ်လေးတွေတောင် အရင်လို မလင်းတော့ဘူး ..

ငါဟာ အစွဲအလန်းကြီးလွန်းသူပါကွယ် ..
မင်းကို မေ့ပစ်ရမှာကြောက်လို့
ကိုယ့်ဒဏ်ရာအတိမ်အနက်ကို
မမြင်ချင်ယောင်ဆောင်ထားရင်း
နေပျော်အောင် နေနေတယ် ..

မင်းကတော့
ငါ့ရဲ့ ရူးသွပ်မှုတွေပြန်လည်ကြားသိတဲ့အခါ
မင်းရဲ့ သက်ဆိုင်သူဆီ
ဟာသတစ်ပုဒ်အဖြစ်
ပေါ့ပါးရယ်ရွှင်စွာ ပြောပြနိုင်လောက်ရဲ့ ..

ငါနားလည်ပါတယ်
ဘဝဆိုတာ ဒီလိုပါပဲ …

အဆင်ပြေမှာပါ ..
အဆင်ပြေသွားမှာပါ …
မင်းလည်း မင်းရဲ့ လူနဲ့ ..
ငါလည်း ငါ့ရဲ့ အလွမ်းနဲ့ ….

သံသရာတွေကို
ဆွဲချုံ့ပစ်ချင်တယ်ကွယ် ……

Fourteen4

In: ကဗျာ Posted By: Date: Mar 11, 2016
Comment #1

ငါဟာ အစွဲအလန်းကြီးလွန်းသူပါကွယ် ..
မင်းကို မေ့ပစ်ရမှာကြောက်လို့
ကိုယ့်ဒဏ်ရာအတိမ်အနက်ကို
မမြင်ချင်ယောင်ဆောင်ထားရင်း
နေပျော်အောင် နေနေတယ် ..

မင်းကတော့
ငါ့ရဲ့ ရူးသွပ်မှုတွေပြန်လည်ကြားသိတဲ့အခါ
မင်းရဲ့ သက်ဆိုင်သူဆီ
ဟာသတစ်ပုဒ်အဖြစ်
ပေါ့ပါးရယ်ရွှင်စွာ ပြောပြနိုင်လောက်ရဲ့ .

commentinfo By: Wa Na at Aug 18, 2016
Comment #2

အဆင်ပြေမှာပါ ..
အဆင်ပြေသွားမှာပါ …
မင်းလည်း မင်းရဲ့ လူနဲ့ ..
ငါလည်း ငါ့ရဲ့ အလွမ်းနဲ့ ….

သံသရာတွေကို
ဆွဲချုံ့ပစ်ချင်တယ်ကွယ် ……

🙂

commentinfo By: blur at Sep 1, 2016
Comment #3

🙂

commentinfo By: :) at Oct 3, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment