Professional Authors

သတိရခြင်းအကြောင်းတွေ (၄)

မနက်က မိုးရွာတယ်…
နင် ထီးပါပါ့မလား စိုးရိမ်စိတ်နဲ့
ငါ ….. မိုးတွေ စိုခဲ့ …

နင်ခိုဝင်နေမယ့် ထီးအောက်က
တွဲထားတဲ့ လက်ဟာ
ငါ့လက်မဟုတ်တော့တာ အသိဝင်တော့မှ
ငါဟာ
ချောင်ထိုးထားတဲ့ ထီးတစ်ချောင်းဖြစ်မှန်း
ရင်နာခဲ့ရ …

ခေါင်းမော့ဟားတိုက်ပစ်လိုက်ပေမယ့်
ထွက်ကျလာတဲ့ ရယ်မောသံတွေဟာ
နာကျင်မှု သက်သက်ချည်းဖြစ်တဲ့အခါ
ကိုယ့်နှလုံးသားတော့ ကိုယ်ပြန်အားနာမိပါရဲ့ …

ဒီနေ့လည်း မိုးတွေရွာတုန်းပဲ ….
အထီးကျန်ခြင်းဆိုတဲ့ အမိုးအောက်
အခါခါ ပြုတ်ကျသွားတဲ့
စိတ်ဓါတ်ကို လိုက်ဖမ်းရင်း
ငါ …..
အိမ်ပြန်လမ်းနဲ့ ဝေးခဲ့ …

Fourteen4

In: ကဗျာ Posted By: Date: Feb 10, 2016
Comment #1

ခေါင်းမော့ဟားတိုက်ပစ်လိုက်ပေမယ့်
ထွက်ကျလာတဲ့ ရယ်မောသံတွေဟာ
နာကျင်မှု သက်သက်ချည်းဖြစ်တဲ့အခါ
ကိုယ့်နှလုံးသားတော့ ကိုယ်ပြန်အားနာမိပါရဲ့ …

commentinfo By: blur at Feb 12, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment